Final

19.4K 1.3K 303
                                    

အနည်းငယ်​သာကျယ်​​ဝန်း​သော သာမန်​အိမ်​က​လေးတစ်​လုံး၏ ခြံဝန်းထဲတွင်​ မင်းသားKyungSoo က ​အထုပ်​အပိုးတစ်​ချို့ကို ​ကျောမှာပိုးလျက်​ရပ်​​နေသည်​။သူရဲ့​ရှေ့တွင်​​တော့ Han က သူ့အစ်​ကိုရဲ့လက်​​တွေကိုကိုင်​ကာ ​တောင်း​တောင်းပန်​ပန်​​ပြော​နေပြီး မင်းသားKyungSoo က ပြုံးပြီး ပြန်​နှစ်​သိမ့်​​နေသည်​။Sehun က ခြံဝန်းထဲသို့်လိုက်​မသွားဘဲ သူ့အစ်​ကို​တော်​နှင့်​​သွား​တွေ့​သောဟန့်​ကို မျက်​​စောင်းထိုးက အပင်​ကြီး​အောက်​တွင်​ ရပ်​​စောင့်​​နေသည်​။

"အစ်​ကို​​တော်​Kyung ​ကျေးဇူးပြုပြီးမသွားပါနဲ့လား? "

KyungSoo က ညီ​တော်​ဖြစ်​သူရဲ့ မျက်​နှာငယ်​​လေးကိုကြည့်​ပြီးစိတ်​မ​ကောင်းဖြစ်​​သော်​ငြား မိမိစိတ်​ကို​တော့ဆုံးဖြတ်​ပြီးသားဖြစ်​​နေသည်​။
သေဆုံးသွားပြီအထင်​နှင့်​ ငါးနှစ်​တာ ​ဝေးကွာ​နေ​ရပြ်ီး အခုလိုပြန်​​တွေ့တာ နှစ်​လမပြည့်​ချိန်​မှာဘဲ သူက ထွက်​သွားဖို့ဖြစ်​လာသည်​။

"အစ်​ကို​တော်​.. အစ်​ကိုကြီးXiu ဆီကိုလိုက်​သွားချင်​လို့ပါ အငယ်​ဆုံး​လေးရဲ့ "

"အစ်​ကိုကြီးကို ဒီကိုပြန်​​ခေါ်လိုက်​မယ်​​လေ အစ်​ကို​တော်​Kyung...ကျ​နော်​ သခင့်​ကို ​တောင်းဆိုလိုက်​မယ်​​...ဒါဆို အစ်​ကို​တော်​လည်းလိုက်​သွားဖို့မလို​တော့ဘူး​လေ​နော်​ "

KyungSoo က ခြံပြင်​လှမ်းလှမ်းမှာရပ်​​နေ​သောSehun ကို တစ်​ချက်​လှမ်းကြည့်​သည်​။ထို့​နောက်​ အငယ်​ဆုံး​လေးရဲ့ လက်​ဖဝါးတွေကို သူ့လက်​နှစ်​ဖက်​ဖြင့်​ဆုပ်​ကိုင်​ကာ ​ပြောလိုက်​သည်​။

"မ​တောင်းဆိုပါနဲ့​တော့ အငယ်​ဆုံး
အစ်​ကို​တော့်​ကို လွှတ်​​ပေးတာနဲ့တင်​ သူလုပ်​​ပေးတာများ​နေပါပြီ...ပြည်​နှင်​ဒဏ်​ကျ​နေတဲ့အစ်​ကိုကြီးကိုပါ လွှတ်​​ပေးရမယ်​ဆိုရင်​ အမတ်​​တွေနဲ့ပြသနာတက်​လိမ့်​မယ်​ "

ဟုတ်​သည်​။Sehun က သူ့ကို အခုလိုအကျယ်​ချူပ်​ကျ​နေရာမှ တရားဝင် ​လွှတ်​​ပေးခဲ့ခြင်းဖြစ်​သည်​။လော​​လောလတ်​လတ်​​လေးတင်​မှ Sehun ကို ဆန့်​ကျင်​​သောတရား​ရေးအမတ်​ကြီး ပြည်​နှင်​ဒဏ်​ကျသွားတာကိုကြည့်​ကာ ဒီတစ်​ကြိမ်​မှာ အမတ်​​တွေက Sehun ရဲ့ဆုံးဖြတ်​ချက်​ကို ဝင်မဆန့်​ကျင်ရဲကြဘဲ ငြိမ်​​နေလိုက်​ရသည်​။

Master Of The PrinceWhere stories live. Discover now