Part-16

11.9K 1.2K 54
                                    


"ယခင်​မင်းကြီး၏ ​ဆွေ​တော်​မျိုး​တော်​များအားလုံးကို နန်းတွင်းမှနှင်​ထုတ်​ပြီး အသက်​ရှင်​ကျန်​ရစ်​ခဲ့​သော မင်းသားများနှင့်​မိဖုရားများအား နန်းပြင်​တွင်​ ​နေအိမ်​အကျယ်​ချုပ်​ဖြင့်​​နေ​စေ!!! "

အမိန့်​​ပေလွှာအားဖွင့်​ဖတ်​​နေ​သော
တရား​ရေးရာအမတ်​ကြီးတစ်​ဖြစ်​လဲ
ယခုလက်​ရှိမင်းကြီးOh Sehun၏ဖခင်
နံ​ဘေး ညီလာခံခမ်းမ၏ ထိပ်​ဆုံး​မှရွှေပလ္လင်​တွင်
နဂါးရုပ်​​ရေးထိုးထား​သောအနီ​ရောင်​ဝတ်​ရုံကို ဝတ်​ဆင်​ထား​သော ဂိုဂူ​လျော၏ဘုရင်​သစ်​ ရှိ​နေသည်​။

တည်​ကြည်​​သောမျက်​နှာမှ
စူးရှ ​လေးနက်​​သည့်​အကြည့်​များသည်
ခမ်းမအတွင်းရှိ အမတ်​များအ​ပေါ်သို့ဖြန့်​ကျက်​ထားလျက်​ရှိပြီး ခပ်​တင်းတင်း​စေ့ထား​သော
နှုတ်​ခမ်းတစ်​စုံသည်​လည်းတိကျပြတ်​သားစွာ
ဖြစ်​တည်​​နေသည်​။

"အမတ်​ ယွန်​ .......စစ်​မှု​ရေးရာဌာန၏
ဝန်​ကြီးအဖြစ်​တာဝန်​ထမ်း​ဆောင်​​စေ! "

"အမတ်​ ဂင်​ ......... တရား​ရေးရာဌာန၏
ဝန်​ကြီးအဖြစ်​ရာထူးတိုး​စေ! "

သက်​ဆိုင်​ရာအမတ်​အသီးသီးမှာ
အမိန့်​​တော်​ကိုနာခံရင်း
တာဝန်​ကိုမည်​သို့​ကျေပြွန်​ပါမည်​ဖြစ်​​ကြောင်း
သူ့အား​လျှောက်​တင်​​နေကြသည်​။

သူက​တော့တစ်​ခွန်းတစ်​ပါဒမှမဆိုမိ။
ထိုအမတ်​များအားလုံးသည်
သူ့ဖခင်​နှင့်​​ပေါင်းကာ
ယခင်​မင်းကြီးအားသစ္စာ​ဖောက်​ခဲ့ကြသူချည်း
မဟုတ်​လား။
ထိုလူများ၏စကားကအနည်းငယ်​မှ
ယုံဖွယ်​ရာမရှိ။
ထိုရာထူးတိုးမိန့်​များသည်​လည်း
ယခင်​ကတည်းက ထိုလူများအားမြှူစွယ်​စည်းရုံးထား​သောဖခင်​၏အကြံအစည်​များသာဖြစ်​တာမို့ သူဝင်​​ပြောခွင့်​မရှိဘဲ လွှတ်​ထားရသည်​။

"​နောက်​ဆုံးတစ်​ခုအ​နေနဲ့က
ဘုရင်​သစ်​ Oh  ရဲ့တရားဝင်​နန်းတက်​ပွဲကို
မနက်​ဖန်​ နံနက်အာရုံတက်​ချိန်​မှာ ကျင်းပသွားမှာဖြစ်​ပြီး ချင်​မင်းသမီးကိုပါ မိဖုရား​ခေါင်​ကြီးအဖြစ်​တစ်​ခါထဲတင်​​မြောက်​သွားမှာဖြစ်​တဲ့အတွက်​ အမတ်​ကြီးများအားလုံးမပျက်​မကွက်​တက်​​ရောက်​ကြဖို့ဘဲဖြစ်​တယ်​!! "

Master Of The PrinceWhere stories live. Discover now