Part-27

10.9K 1.1K 54
                                    

နယ်​စပ်​မှာဖြစ်​ပွား​နေ​သောမွန်​ဂိုတိုက်​ပွဲကိစ္စကို
ခေါင်းပူ​အောင်​​ဆွေး​နွေးပြီးခဲ့တဲ့​နောက်​မှာ
Sehun ညီလာခံမှထွက်​လာလိုက်​သည်​။
သိပ်​မကြာ​သေးခင်​ကမှ
လွှတ်​လိုက်​တဲ့တပ်​အင်​အားက တိုက်​ပွဲဖြစ်​ပွားရာ​နေရာကိုမ​ရောက်​လာ​သေးခင်​မှာပင်​ တစ်​ဖက်​ကဆုံးရှုံးမှုကအလွန်​များ​နေ​လေပြီ။
ဒီအတိုင်းဆို လွှတ်လိုက်​​သောစစ်​အင်​အားနဲ့လည်း မွန်​ဂို​တွေကို​ချေမှုန်းနိုင်​မည်​မှာမ​သေချာ။
ထို့အတွက်​​ကြောင့်​ စားနပ်​ရိက္ခာ သာမက
လက်​နက်​အင်​အားပါဖြည့်​လျက်​​နောက်​ထပ်​တပ်​တစ်​သုတ်​ကိုထပ်​လွှတ်​ဖို့ ဆုံးဖြတ်​ခဲ့လိုက်​သည်​။

စိတ်​​ရောလူ​ရောနုံးချိ​နေ​အောင်​ပင်​ပန်း​နေသည့်​ချိန်
ညီလာခံမှထွက်​လာလာချင်း ကြားလိုက်​ရ​သောစကားက သူ့ရင်​ဝကိုပစ်​ကန်​လိုက်​သလိုဖြစ်​သွားရ၏

Han သတိလစ်​သွားသည်​ တဲ့

စိတ်​အ​ခြေအေ​နပေါ်လိုက်​ပြီး Han ချူချာမှန်း
သူသိပြီးသားဖြစ်​တာ​ကြောင့်
မနက်​က သူပြုခဲ့​သောအပြုအမူက
Han ကိုဒီလိုဖြစ်​​စေမှန်းတန်းသိလိုက်​သည်​။

သူကိုယ်​တိုင်​လည်းထိန်းချုပ်​မရ​ခဲ့​သော​ကြောင့်​ဖြစ်​သည်​။Han ​ပြောခဲ့​သောစကားများက သူ့ကို ထိုသို့ပြုမူ​အောင်​လုပ်​ခဲ့ခြင်းသာဖြစ်​သည်​။

" သခင်​က ဆန္ဒရှိရင်​ ဘယ်​မိန်းက​လေးနဲ့မဆိုအိပ်​လို့လည်းရတယ်​မဟုတ်​လား? "

ခနဲ့တဲ့တဲ့​ပြောခဲ့​သောအသံက
ယခုအချိန်​ထိနားထဲမှမထွက်​နိုင်​။
သူ Han ကိုချစ်​ခဲ့သည့်​အချိန်​မှစ၍
ဘယ်​မိန်းက​လေးတစ်​​ယောက်​နဲ့မှမ​ဖောက်​ပြန်​ခဲ့တာကို Han ကိုယ်​တိုင်​လည်းသိသည်​။
Han တစ်​​ယောက်​တည်းကိုသာချစ်​ပြီး
အဲ့ဒီအချစ်​​ကြောင့်​လည်း သူဟာ လူဆိုးလုံးလုံးဖြစ်​ခဲ့သည်​အထိမ​ကောင်းမှု​တွေကို​ကျူးလွန်​ခဲ့သည်​။ဒါဟာ Han ကိုချစ်​တာတစ်​ခုတည်း​ကြောင့်​ဖြစ်​ခဲ့ခြင်း​တွေသာ။
ထိုသို့​သောသူ့ကို Han ကိုယ်​တိုင်​က
မိန်း​မတစ်​​ယောက်​နဲ့လွှတ်​​ပေးခဲ့ခြင်းမှာ
သူ Han ကိုဘယ်​​လောက်​စိတ်​ဆိုးသင့်​သနည်း?

Master Of The PrinceWhere stories live. Discover now