Part-7

13K 1.1K 154
                                    

အကိုကြီး၏ကြိုးစားမှုနှင့်
သူတို့ညီအစ်​ကိုသုံး​ယောက်
ကိုယ်​ရံ​တော်​ Chan နှင့်
ကိုယ်​ရံ​တော်​ ZiTao ကို​ခေါ်ကာ
ဈေးထဲ​ရောက်​ချ​လာတော့သည်​။

အကုန်​လုံးကအရပ်​ဝတ်​​တွေနှင့်
ဖြစ်​ပြီး သူတို့သုံး​ယောက်​က ဟိုသည်​​လျှောက်​ကြည့်​ရင်း အူမြူး​နေသ​လောက်​ ကိုယ်​ရံ​တော်​နှစ်​​ယောက်​က​တော့ ​နောက်​မှခပ်​​တောင့်​​တောင့်​ကြီးလိုက်​ပါလာကာ သူတို့ အား
မျက်​စိ​အောက်​မှအ​ပျောက်​မခံလိုက်​ကြည့်​​နေကြသည်​။

အချိန်​က ည​နေ​စောင်းဖြစ်​ပြီး
အရပ်​​ဈေးက​တော့ ​ရောင်းသူဝယ်​သူနှင့်
စည်​ကား​နေသည်​။

သူတို့ရဲ့အသုံးအ​ဆောင်​ပစ္စည်း​တွေလို
ထည်​ထည်​ဝါဝါကြီး​တွေမဟုတ်​​ပေမယ့်
သူတို့က​တော့အလွန်​နှစ်​ခြိုက်​ကြသည်​။

ခုန်​​ပေါက်​ရင်း​ပြေးလာ​သော​က​လေးတစ်​​ယောက်​သည်​ ဆိုင်​ကတွဲ​လောင်းချထား​သောပစ္စည်းများကို​မော့​ငေး​နေသည့်​Luhan အား ဝင်​တိုက်​လိုက်​၍
နောက်​မှကပ်​ရပ်​​နေ​သော ZiTao က သူ့ရဲ့ပန်​ဒါမျက်​ကွင်းနက်​ကြီးများဖြင့်​ထိုက​လေးကိုစိုက်​ကြည့်​လိုက်​ရာ ငိုသွား​လေသည်​။

"အ​မေ​ရေ အီးဟီး!!! "

Luhan ငိုကာ​ပြေး​သွား​သောက​လေး​လေးကိုကြည့်​လိုက်​ပြီး ​သူ့ နောက်​မှ ZiTaoကို
မျက်​​မှောင်​ကုတ်​ကာကြည့်​​တော့
သူမဟုတ်​သည့်​အတိုင်းမှင်​​သေ​သေမျက်​နှာဖြင့်​ရပ်​​နေ​လေသည်​။

အကိုကြီးသည်​လည်း ​ရှေး​ဟောင်းပစ္စည်း​ဆို်င်​​တစ်​ခု​ရှေ့တွင်​ရပ်​ရင်း ထိုဆိုင်​မှပစ္စည်းအ​ကြောင်းကို
မေး​နေတာထက်​ ဆိုင်​သို့လာကြည့်​​နေ​သောဝယ်​သူမိန်းက​လေးတစ်​ချို့အား ဆရာလုပ်​ကာ မျက်​နှာ​ပြောင်​​နေ​လေသည်​။

ထိုအချိန်​တွင် ​ဗုံသံတစ်​ချို့ခပ်​ကျယ်​ကျယ်​ထွက်​လာတာ​ကြောင့်​ ဆိုင်တစ်ဆို်င်တွင် ​​​​​​အ​ဆောင်​အိတ်​ရွေး​နေသည့်​အကိုငယ်​Baek က သူ့အနားတွင်​ရပ်​​နေ​သောကိုယ်​ရံ​တော်​Chan၏လက်​ကိုဆွဲကာ ထိုလူအုပ်​ရှိရာကို​​ပြေးသွား​လေသည်​။

Master Of The PrinceWhere stories live. Discover now