Part-18

12.7K 1.2K 75
                                    


" Han !!! "

ဘုရင်​တစ်​​ပါး၏ပုံရိပ်​ကိုသူဂရုမစိုက်​နိုင်​ပါ။
Han ရှိ​နေမည့်​ သူ့ရဲ့အ​ဆောင်​ဆီ
သွေးရူး​သွေးတန်း​ပြေးလာမိပြီး
အ​ဆောင်​ထဲသို့​ရောက်​ရှိသွားချိန်​မှာ​တော့

Han ရယ်​​ လေ

အိပ်​ယာ​ပေါ်မှာ​ခြေဆင်းထိုင်​လျက်
ထောင့်​တစ်​​နေရာဆီ​ငေး​ငိုင်​ကြည့်​​နေ​သော
Han........

ဘေးတွင်​ ချထား​သော သူ့လက်​​ကောက်​ဝတ်
တစ်​ဖက်​မှာဖြင့်​ ယခုမှစီးပြီးသွားပုံရ​သော
ပတ်​တီးဖြူဖြူတို့က​နေရာယူထားလျက်​ရှိ​နေသည်​။

သူ​ရောက်​လာသည်​နှင့်​ အနားတွင်​ဝိုင်း​နေ​သော
သမား​တော်​များ​နောက်​သို့ဆုတ်​သွားကြပြီး
ခေါင်း​ဆောင်​သမား​တော်​ကြီးမှ

"ဒီဓားနဲ့ ပါ  "

သူ့မျက်​စိ​ရှေ့ကို ပြလာ​သည့်​ ​ဗန်းထဲမှ
ထက်​​သော ဓားတိုတစ်​​ချောင်း

လက်​​ကောက်ဝတ်​ကို
ဓားနဲ့လှီးခဲ့တာလား Han
ဒီ​လောက်​နာကျင်​တဲ့လုပ်​ရပ်​မျိုးကိုလုပ်​ရတဲ့အထိ
မင်းရင်​ထဲဘယ်​​လောက်​နာကျင်​​နေလဲ Han ရယ်

"စိုးရိမ်​စရာ​တော့ မရှိ​တော့ပါဘူး
ချက်​ချင်းသိခဲ့ရလို့ပါ "

ခေါင်းတစ်​ချက်​ခပ်​​လေး​လေးငြိမ့်​ပြလိုက်​​တော့
သမား​တော်​အားလုံး ထိုအခန်းမှထွက်​သွားကြပြီး
သူနှင့်​ Han သာကျန်​​နေခဲ့သည်​။

"Han "

Han သည်​ နွမ်းလျစွာ
ထောင့်​တစ်​​နေရာဆီ မျက်​လုံးအ​သေများဖြင့်
ငေးကြည့်​​နေဆဲ.........

"Han ! "

Han ၏ပခုံးအား ခပ်​ကြမ်းကြမ်းလှုပ်​ခတ်​လိုက်သည့်အ​​ခါမှ သူ့ကိုလှည့်​ကြည့်​လာ​တော့သည်​။
Han ၏မျက်​လုံးများသည်
ပကတိ​အေးစက်​စွာနှင့်​ ဖြူ​ရော်​​သောနှုတ်​ခမ်းများမှ ထွက်​လာ​သောစကားသံတို့က သူ့ရင်​ကိုခွဲပါ၏

"ဒီကထွက်​သွားချင်​တယ်​ သခင်​ "

".........."

Master Of The PrinceWhere stories live. Discover now