Part-34

13.3K 1.1K 46
                                    


"သခင်​~ "

Han ရဲ့​နောက်​​ကျောဘက်​မှာထိုင်​​နေပြီး
ရေစို​နေတဲ့သူ့ဆံပင်​ရှည်​​တွေကို
သခင်​ကသုတ်​​ပေး​နေသည်​။
သူ့အာရုံနဲ့သူအလုပ်​ရှုပ်​​နေတဲ့သခင်​က
Han ရဲ့ နှုတ်​က​ခေါ်သံတိုးတိုးကိုကြားပုံမ​ပေါ်ဘဲ
ဆံပင်​​တွေ​ခြောက်​သွားဖို့ကိုသာကြိုးစားလုပ်​​နေသည်​။

"ရပြီ "

အ​တော်​အသင့်​​ရေ​ခြောက်​သွားတဲ့ဆံပင်​​တွေကိုဖွရင်းဆို​သော သခင်

Han သခင်​နှင့်​မျက်​နှာချင်းဆိုင်​လှည့်​ထိုင်​လိုက်​တဲ့အခါ သခင်​က Han ရဲ့ ​အေးစက်​စက်​ဖြစ်​​နေတဲ့ပါး​တွေကို အ​နွေးဓာတ်​​ပေးရန်​အလို့ငှါ
အုပ်​ကိုင်​လာသည်​။
ဘယ်​​လောက်​မှမ​ဝေးတဲ့အကွာအ​ဝေးမှာ
ရှိ​နေတဲ့သခင့်​မျက်​နှာ​ချော​ချောတွင်
ဒဏ်​ရာတစ်​ချို့ရှိ​နေသည်​ကို Luhan အခုမှသတိထားကြည့်​မိသည်​။

ညာဘက်​မျက်​ခုံး​စောင်းက ကွဲ​နေသည်​။
အစိမ်းလိုက်​မဟုတ်​​​တော့သော်​လည်း
အကွဲဒဏ်​ရာကထင်း​နေသည်​။
စစ်​တလင်းမှာတစ်​လကြာ​နေခဲ့ရ၍
သခင့်​မျက်​နှာမှာ​နေ​လောင်​ဒဏ်​ခံထားရသည်​။
ချယ်​ရီ​ရောင်​နှုတ်​ခမ်းထက်​မှာလည်း
မသုတ်​သင်​ထား​သောနှုတ်​ခမ်း​မွေး​ရေး​ရေးကရှိ​နေ​သေး၏

" မျက်​ခုံးက ​ဆေးမထည့်​​​တော့ဘူးလား"

သူ ​မေးလိုက်​မှ မျက်​ခုံးကဒဏ်​ရာကိုသတိရသွားတဲ့သခင်​က ပြုံးပြီး

"​နောက်​ပြီး​တော့ ထည့်​လိုက်​မယ်​ "

"တခြား ဒဏ်​ရာ​တွေ​ရော? "

ရင်​ဘတ်​​စေ့ရုံခြုံထား​သော
သခင့်​ဝတ်​ရုံမှ​ဗိုက်​​နေရာကို
Luhan လှမ်းကြည့်​ရင်း​မေး​တော့
သခင်​က ဒဏ်​ရာရှိ​နေတဲ့ခါးဘက်​တစ်​ခြမ်းကိုဖွင့်​ပြရင်း

"သက်​သာသွားပါပြီ "

ခါးမှဓားဒဏ်​ရာက အမာရွတ်​သာကျန်​​နေ​တော့သည်​ကို Luhan မြင်​လိုက်​ရသည်​။

"ဟက်​ချိုးး "

ရုတ်​တရက်​နှာချီလိုက်​​သောLuhan ကို
သခင်​က

Master Of The PrinceWhere stories live. Discover now