၇ (Zawgyi + Unicode)

Start from the beginning
                                    

အရင်ကတော့ အသက် ၂၀ လူပျိုအရွယ်လေးမို့ လူရှေ့သူရှေ့မှာ အရှက်ခွဲခံခဲ့ရတာတွေကို နာကြည်းလွန်းခဲ့ပေမဲ့လည်း.. အခုချိန်မှာတော့ သူ ဘာကိုမှ အရေးမစိုက်ချင်တော့။ သူ့အတွက် အရေးကြီးတာ Luhan တစ်ယောက်တည်း။

"ကိုကြီးနဲ့ ထိပ်တိုက်မတွေ့ပါနဲ့ Sehun ရယ်... ကျွန်တော်... ထပ်ပြီး စိတ်မဆင်းရဲချင်တော့ဘူး"

Han လက်ဖျားလေးတွေက တုန်ယင်လို့နေသည်။ မျက်တောင်ရှည်တွေတဖျတ်ဖျတ်ခတ်ပြီး ဝေ့သီနေတဲ့မျက်ရည်တွေကို ဖုံးကွယ်ဖို့လုပ်နေတာမြင်တော့လည်း ဒီလူက ရင်ကွဲရပြန်သည်။

"ကိုယ်စောင့်ပါ့မယ်.. Han အဆင်ပြေတဲ့အချိန်အထိ ဘယ်လောက်ကြာကြာ စောင့်မှာမို့ မငိုပါနဲ့ကွာ"

ပါးပြင်ပေါ်ဖြတ်စီးကျလာတဲ့မျက်ရည်တစ်စက်ကို လက်မနဲ့ပင့်သုတ်လိုက်ပေးပြီး Sehun တတွတ်တွတ်ပြောနေမိသည်။ စိတ်ထိခိုက်လွယ်လွန်းတဲ့ ဒီကောင်လေးကို သူဘယ်လိုလုပ်ပေးရပါ့မလဲ..။

"အိမ်ပြန်ချင်ပြီ.. မေမေတို့ ပြန်ရောက်လို့ အိမ်မှာမရှိရင် ဆူလိမ့်မယ်"

ဒီထက်ပိုကြာကြာနေချင်သေးပေမဲ့ Luhan စိတ်ဆင်းရဲမှာစိုးတာနဲ့ သူဘာမှထပ်မပြောတော့ပဲ ကားစက်နှိုးလိုက်သည်။ မနေ့ညကတစ်ညလုံး စိတ်ကူးယဉ်ခဲ့ရသောဒိတ်သည် အချိန် ၂ နာရီလောက် မျက်နှာလေးမြင်၍ စကားပြောရပြီးနောက် အဆုံးသတ်လေ၏။

_________________________

"Luhan.. နေမကောင်းဘူးလား"

မေမေတို့ခရီးကပြန်လာတာမို့ မိသားစုလေးယောက် ညစာအတူထွက်စားကြမည်ဆိုပြီးပြောလို့သာ Luhan အင်္ကျီလဲပြီး ဧည့်ခန်းထဲမှာ စောင့်နေရပေမဲ့ စိတ်ကနွမ်းလျလျ။ မနက်က Sehun ပါးစပ်ကနေ ကိုကြီးနဲ့အဆင်ပြေအောင်နေပါ့မယ်ဆိုတာပြောလာကတည်းက သူဘယ်လိုပဲတင်းခံထားပါစေ၊ Sehun က မရမကရှေ့ဆက်တိုးမဲ့သဘောမှာရှိနေသည်..။

"Luhan"

Chanyeol သူ့ပုခုံးကိုခပ်သာသာပုတ်ပြီးခေါ်လိုက်မှပဲ အသိဝင်လာသလိုနဲ့ Luhan က မျက်လုံးပြူး၍ မော့ကြည့်လာသည်။ ဒီကောင်လေး ဘာဖြစ်နေပါလိမ့်...။

Give and TakeWhere stories live. Discover now