🌿 Spring Love 1🌿

Start from the beginning
                                    

သူမတို့နှစ်ယောက်ကငယ်ငယ်တည်းက
ပြိုင်လာကြတာ။
စာပြိုင်တယ်
အလှအပပြိုင်တယ်
ချစ်သူထားတာပြိုင်တယ်
အိမ်ထောင်ပြုတာလည်းပြိုင်တယ်
ယုတ်စွအဆုံး
ကလေးယူတာတောင်ပြိုင်တယ်
ဘယ်လောက်ပြိုင်ကြသလည်းဗိုက်နာတာတောင်ပြိုင်နာ
မွေးတော့လည်းအတူတူပြိုင်မွေး
မွေးလာတဲ့ကလေးလည်းသားချည်းဘဲ
ဖြစ်နေတာ။

ယူထားတဲ့ယောက်ကျားတွေ
လုပ်ငန်းခွင်မှာပါအပြိုင်
နေတာလည်းခြံနှစ်ခုကပ်ရက်
တယောက်လုပ်တာနောက်တယောက်ကချက်ချင်းထလုပ်အဲ့လိုမျိုး

.

.

.

......

"Hyunnie သားဒီတပါတ်အဆင့်မကျဘူး
မလား ''

"ဟုတ် မေမေ
မကျပါဘူး ၁ ပါဘဲ''

တော်လိုက်တဲ့သားလေး
ဒါနဲ့ဟိုဘက်အိမ်ကကောင်လေးရော
....

"သူလည်း ၁ ဘဲမေမေ
အမှတ်ကတူနေလို့ပူးတွဲပေးတာပြောတယ်မေမေ ''

......

"မေမေ့သားလေးအဆင့်ဘယ်လောက်ရ ''

"ပြောစရာလိုလားမေမေရာ ၁ ဘဲပေါ့ ''

"Argioo တော်လိုက်တဲ့သား
ဒါနဲ့ဟိုကလေးကကော ''

"သူလည်း ၁ ဘဲမေမေ ''

"ဘာရယ်''

"အကုန်တူနေလို့တူတူပေးတာလို့ပြောတယ်မေမေ''

"ဒီတခါတော့ရှိစေတော့
နောက်ခါဆို ၁ ကမင်းဘဲရှိပါစေ
ကြားလား Jongin ''

.....

ပြတင်းပေါက်နှစ်ခုဟာတန်းဖြောင့်မတ်စွာရှိနေတော့
ဟိုဘက်ကဖြူလုံးကိုကြည့်ပြီးသူပြုံးမိသည်။
သူ့အမေမသိအောင်မုန့်ခိုးစားနေပုံရသည်။သူတစွန်းတစကြားရသည်လေဘာတဲ့လူပျိုဘဲဖြစ်တော့မယ်။ဒီလိုဆက်စားနေရင်ဝက်ပုပ်ဘဝရောက်နေပြီ Jongin ကိုကြည့်အားမကျဘူးလား။ဘာညာစကားများကဖြူလုံးလေးကိုစိတ်မသက်သာရာရစေပုံဘဲ

ဖြူလုံး.. သူ့ကိုဒီလိုခေါ်တာသိများသိရင်အသေသတ်မလား။

......

အစားကိုမြန်မြန်လတ်စသတ်ရသည်။မေမေမိရင်အသေသတ်မှာ၊အရွယ်နဲ့မလိုက်ဝနေလို့ဝိတ်ချနေပါတယ်ဆိုမှမုန့်စားချင်စိတ်ကထိန်းမရပေ။

🌿 Spring Love 🌿Where stories live. Discover now