ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၆)

Start from the beginning
                                    

ထက်ဦးညီ ရဲ့ အပြုံးလေးကိုမြင်လိုက်မွ နေခြည်လည်း ရင်ထဲကစိတ်ပူနေတာတွေတဝက်သက်သာသြားတော့သည်။ သူ့ဆီက အပြုံးတောင် ထပ်မမြင်ရတော့ဘူး ထင်ထားမိသည်ကိုး...။နေခြည်က မျက်ရည်တွေ ဝဲလာပြီး ထက်ဦးညီကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။

"ဘာတွေဖြစ်နေလဲအစ်မ မသိပေမယ့်...အစ်မ မင်းအနားမွာ အမြဲရှိနေပေးပါ့မယ်"

"အသက်ရှူ ကြပ်တယ်"

နေခြည်က ဟက်ခနဲရယ်လိုက်ပြီး ဖက်ထားရာက လွှတ်ပေးလိုက်သည်။ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိလိုက်ကြ၏။

****************************
ရှင်လင်းညို တစ်ယောက် အန်တီမျိုးတို့ကုမ္ပဏီမှာအလုပ်ရသွားပြီဖြစ်သည်။ဟိန်းသူမိဘတွေကရေသန့့်ကုမ္ပဏီပိုင်ရှင်တွေဖြစ်သည်။ရှင်လင်းညိုက ဖူးသစ်ဝေလက်အောက်က အလုပ်သင်အဖြစ်လုပ်ရမည်ဖြစ်သည်။ပထမဦးဆုံးအလုပ်တက်သည့်ရက်မို့ ဟိန်းသူအိပ်နေတာကိုတောင် မနှိုးဘဲတန်းလာမိသည်။
ဟိုရောက်တော့ ဖူးသစ်ဝေ ဘေးကထိုင်ခုံမှာ ထိုင်ရသည်။အလုပ်နှင့်ပတ်သတ်သမွ်ကို ဖူးသစ်ဝေကအစအဆုံး အကုန်ရှင်းပြ၏။ဒီကောင်မလေး ဒီနေရာလည်းတော်တာပဲဟု စိတ်ထဲကနေကျိတ်ချီးကျူ းမိသည်။

"အခု စက်ရုံကိုလိုက်ပြပေးမယ်...နောက်က် အဲ့ဒီကို အစ်ကို တစ်ယောက်ထဲလည်းသွားဖြစ်ရင်သွားဖြစ်ရမွာ"

ရှင်လင်းညိုက ခေါင်းညိတ်ပြီး သူ့ကားပေါ်တက်လိုက်လာခဲ့သည်။သူတို့ကုမ္ပဏီနှင့် စက်ရုံကအတော်ဝေး၏။အနည်းဆုံး ၂နာရီခြဲလောက်တော့မောင်းရသည်ထင်သည်။ရှင်လင်းညိုက တစ်လမ်းလုံး စကားတစ်ခွန်းမွမပြောဘဲ အိပ်လိုက်လာခဲ့သည်။စက်ရုံရောက်မွ ဖူးသစ်ဝေကလာနှိုး၏။

"အစ်ကိုရောက်ပြီ ...ထတော့"

ရှင်လင်းညိုက အိပ်မှုန်စုန်မွှား နောက်ကလိုက်သွားသည်။ဖူးသစ်ဝေက အသေးစိတ်ကအစ သေချာရှင်းပြနေသော်လည်း ဘာမှမမှတ်မိ။အိပ်ချင်နေတဲ့စိတ်ကသာကြီးစိုးနေသည်။ရေသန့်ဗူးတွေအပြည့်တင်ထားသည့် ဘီးလုံးတပ်ထားတဲ့စင်က ကြားတစ်နေရာကနေ အမှတ်မထင်လွတ်ထွက်လာခဲ့သည်။ဒါကို ဖူးသစ်ဝေကမမြင်...။ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေမိတဲ့ ရှင်လင်းညိုက မြင်သွားပြီး ဖူးသစ်ဝေကိုသူ့ဘက်ကိုဆွဲလိုက်သည်။ထိုစင် သူတို့အနီးနားကနေ ဖြတ်သွားပြီး နံရံကိုဝင်တိုက်ပြီးရပ်သွားသည်။ဖူးသစ်ဝေကိုသာ ဝင်တိုက်မိလိုက်ရင်
ကြီးကြီးမားမားဒဏ်ရာရသွားနိုင်သည်။ရှင်လင်းညို ကဆွဲချလိုက်တာကြောင့် ဖူးသစ်ဝေကရင်ခွင်ထဲရောက်သွားသလိုဖြစ်သွားသည်။ရှင်လင်းညိုက လက်ကိုလွှတ်ပေးလိုက်ပြီး စက်ရုံကအလုပ်သမားတွေကို
လှမ်းငေါက်နေသည်။ဖူးသစ်ဝေက နေရာကနေ မရွေ့ဘဲ အကြာကြီးရပ်နေမိသည်။ပြီးတော့ ရှင်လင်းညိုကို ငေးနေမိ၏။
အပြန်လမ်းတစ်လမ်းလုံးလည်း ရှင်လင်းညိုက အိပ်ပြီးလိုက်လာသည်။အိပ်ပျော်နေတဲ့ ရှင်လင်းညိုကိုကြည့်လိုက် စောနကအဖြစ်အပျက်ကိုတွေးလိုက်နှင့် ဖူးသစ်ဝေ၏အတွေးတွေယောက်ယက်ခတ်နေ၏။
အိပ်ပျော်နေတဲ့သူ့ပုံကြောင့် ဖူးသစ်ဝေစိတ်ထဲတစ်မျိုးဖြစ်လာသည်။ရင်ဘတ်ထဲကလည်း တစ်မျိုးခံစားနေရသည်။မြို့ထဲပြန်ရောက်တော့ ရုံးဆင်းချိန်လည်းရောက်နေပြီဖြစ်တာကြောင့် တိုက်ခန်းကိုသာတန်းမောင်းလာသည်။
ဖူးသစ်ဝေကရှင်လင်းညိုကိုနှိုးမည်အလုပ် အိပ်ပျော်နေတဲ့ရှင်လင်းညိုမျက်ဝန်းအိမ်ကနေ မျက်ရည်စီးက်လာတာကိုတွေ့လိုက်ရသည်။

ဖြူစင်သော ချစ်ခြင်းဖြင့်Where stories live. Discover now