ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၅)

Start from the beginning
                                    

"ဟုတ်တယ်...အန်တီမျိုးကကိုကြီးတို့စားရအောင်ကိုယ်တိုင်ချက်ပေးလိုက်လို့ အလုပ်ကနေလာပြီးပို့ပေးတာ"

ဟိန်းသူကမီးဖိုချောင်ထဲ ဝင်သွားပြီး ချက်ထားတဲ့ဟင်းတွေကိုစပ်စုသည်။

"အညို လာဟ...ဗိုက်ဆာနေပြီစားရအောင်"

ရှင်လင်းညိုလည်း TVကိုပိတ်ပြီး မီးဖိုချောင်ထဲဝင်လာလိုက်သည်။အစောကြီးကတည်းက ဟိန်းသူကို စောင့်ရင်း ဗိုက်တာနေတာမို့ ထမင်းကသူ့အလိုလို ဝင်မှန်းမသိဝင်သွားသည်။

"ကိုကြီး...ဒါငါးသလောက်ချက်လေး...ညီမလေး ချက်ထားတာ...စားကြည့်ပါဦး"

"ဟဲ့ မိသစ် နင်ကငါ့က်မကျွေးဘူး..."

ဟိန်းသူက ဖူးသစ်ဝေကို မျက်စောင်းထိုးပြီး လှမ်းစလိုက်သည်။

"ကိုကြီးကယူစားနေတာပဲလေ...ဘယ်မွာကျွေးစရာလိုလို့လဲ"

မောင်နှမအရင်းမဟုတ်သော်လည်း အရင်းလိုပင် ဟိန်းသူကသူ့ညီမကိုချစ်သည်။စတာလေးတစ်ခုကတော့ ခြွင်းချက်ပင်။ရှင်လင်းညိုက သူတို့ကိုကြည့်ပြီး အစ်မနှင့်ညီမကိုသတိရလာသည်။ရောက်တာ နှစ်ရက်ရှိပြီဖြစ်သော်လည်း အခုထိဖုန်းမဆက်
ရသေး။ရှင်လင်းညိုက ပန်းကန်ဆေးပြီး အခန်းထဲဝင်လာခဲ့သည်။ခရီးဆောင်အိတ်ထဲက ပိတ်ထားတဲ့ဖုန်းလေးကိုဖွင့်လိုက်သည်။လွတ်သွားခဲ့ဲတဲ့ဖုန်းနံပါတ်တွေအများကြီးဝင်လာသည်။
ရှင်လင်းညိုက ယဉ်ကျေးဝေဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

"ဟဲလို...အညိုလား အညို..."

ယဉ်ကျေးဝေက စိုးရိမ်တဲ့အသံနဲ့ဖုန်းကိုထူးလိုက်သည်။ရှင်လင်းညိုက ဘာစကားမွမပြောနိုင်ဘဲ မျက်ရည်တွေဝဲလာသည်။တစ်ဖက်က ယဉ်ကျေးဝေအသံတွေကလည်း တုန်နေသည်။

"အင်းအစ်မ..."

"နေနိုင်လိုက်တာ အညိုရယ်...ဖုန်းလေးတစ်ချက်တောင်မဆက်ဘူးနော်...အန်တီမျိုးဆီ အမေဖုန်းဆက်လို့သာ နင်ရန်ကုန်ရောက်နေပြီဆိုတာသိရတာ..."

"တောင်းပန်ပါတယ်...အမေရောအဖေရော ပြီးတော့ပုံပုံရော"

"အဖေရောအမေရော အကုန်စိတ်မကောင်းဖြစ်နေကြတယ်...နင်ကသိပ်လုပ်ရက်တာပဲအညို"

ဖြူစင်သော ချစ်ခြင်းဖြင့်Where stories live. Discover now