ဖြူ စင်သောချစ်ခြင်းဖြင့်-အပိုင်း(၃)

Start from the beginning
                                    

"အစ်ကို တစ်ကိုယ်လုံးရွှဲကုန်ပြီ"

"ခေါင်းပေါ်မှာဆပ်ပြာတွေပေနေလို့...အစ်ကိုဆက်ဆေးလိုက်တော့မယ်..ညီ နားလိုက်တော့"

ထက်ဦးညီထွက်သွားပြီးမှ အပြင်သွားဖို့ပြောရန်ကိစ္စမေ့သွားမှန်းသိလိုက်ရသည်။နောက်မွ အိမ်သြားခေါ်တော့မယ်ဟု ဆုံးဖြတ်ပြီး ကားကိုသာပြီးအောင်ဆေးနေလိုက်တော့၏။

************************

"ညီညီရေ..ညီညီ"

"ဗ်ာ...မကြီး"
ရေချိုးပြီး Fbသုံးနေရာမှ အောက်ထပ်က နေခြည့်ခေါ်သံကြောင့် အောက်ဆင်းလာခဲ့သည်။

"ဒီမယ်...အညိုရောက်နေတယ်..."

နေခြည့်ဘေးနားကနေ ရှင်လင်းညို က ပြုံးပြုံးကြီးရပ်ကြည့်နေသည်။

"အစ်ကို...ဘာဖြစ်လို့လဲ"

"အပြင်သွားမလို့လေ လိုက်မွာမလား..."

မန္တလေးမှာနေလာတာ ၃လကျော်လောက်ရှိပြီဖြစ်သော်လည်း နေရာစုံအောင်မရောက်ဖူးသေးတာကြောင့် ထက်ဦးညီ၏မျက်လုံးတွေအရောင်လက်သွားသည်။

"အင်းသွားမယ်လေ အစ်ကို...ညီ အကျႌလဲလိုက်ဦးမယ်"

"အင်းအင်း"

ထက်ဦးညီပြန်တက်သွားပြီးသိပ်မကြာလိုက်...အကျႌလဲပြီးပြန်ဆင်းလာသည်။ထက်ဦးညီက ကားယူလာတာကြောင့် သွားရလာရတာအဆင်ပြေသွားသည်။အနည်းငယ်ဝယ်စရာလည်းရှိတာကြောင့် Mingalar Mandalayဘက်ကို ပထမဦးဆုံးမောင်းလာခဲ့သည်။နယ်ကနေပြောင်းလာတာ မကြာသေးသူမို့ Mingalar Mandalay လိုနေရာမျိုးက ထက်ဦးညီအတွက် အထူးအဆန်းဖြစ်နေသည်။Lotteria ရှေ့ရောက်တော့ သူဗိုက်ဆာနေပြီဖြစ်ကြောင်း ရှင်လင်းညိုကို ပြောသည်။Lotteria လို တန်းစီပြီးဝယ်ရသောနေရာမျိုးတွင် နေရာကျော်ပြီး သွားဝယ်နေသောကြောင့် လူအချို့မျက်စောင်းခဲတာခံလိုက်ရ
သေးသည်။ဒါတင်မလုံလောက်သေး...ကြက်ကြော်စားနေတုန်းအချဉ်ကုန်သွားသည်ကိုလည်း...

"အစ်ကို အချဉ်ကုန်သွားပြီ ထပ်ထည့်ပေးဖို့ Waiter ခေါ်ပေးဦး"လုပ်နေသေးသည်။

ကလေးလေးအတိုင်း ပါးစပ်အပြည့်ပလုပ်ပလောင်းစားနေသော ထက်ဦးညီကိုကြည့်ပြီး ရှင်လင်းညိုကပြုံးပြီးကြည့်သည်။
ပါးစပ်ထောင့်လေးတွေပေနေတာ မြင်လိုက်တဲ့ ရှင်လင်းညိုက တစ်ရှူ းထယူပြီး အမှတ်တမဲ့သုတ်ပေးလိုက်သည်။ထိုအခါသူ့ဘာသူ အရှိန်နှင့်စားနေသော ထက်ဦးညီလည်း တစ်ရှူ းနှင့်ပါးစပ်ကိုတယုတယသုတ်ပေးနေသော ရှင်လင်းညိုကိုကြည့်ပြီးရပ်သြားတော့၏။လက်ထဲမွာ ကိုင်ထားသောကြက်သားတုံးတောင်လွတ်ကျသွားသည်။
ရှင်လင်းညိုလည်း အမှုမဲ့အမှတ်မဲ့လုပ်မိရာမွ သတိဝင်ပြီး တစ်ရှူ းကို ထက်ဦးညီလက်ထဲသို့ ဇတ်ခနဲ ထည့်ပေးလိုက်သည်။တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းလွှဲလိုက်ကြသော်လည်း အကြည့်ချင်းဆုံမိကြသည့်အခါ ပြုံးမိကြသည်။
နှစ်ယောက်သား Lotteriaမှအထွက် ကောင်မလေးတစ်ချို့ဆီမှ...
"အတြဲလားမသိဘူး ချစ်စရာကောင်းလို့ရူးတော့မယ်ဟာ" ဆိုသည့်စကားအားကြားလိုက်ရသေးသည်။ထိုစကားကြောင့် ထင်၏...ထက်ဦးညီတစ်ယောက် အနားမွ နည်းနည်းခပ်ခြာခြာသြား၏။
စာအုပ်တွေကိုနှစ်သက်သည့် ထက်ဦးညီတစ်ယောက် အင်းဝရောက်တော့ နာရီဝက်လောက် စာအုပ်ရွေးနေသေးသည်။ရှင်လင်းညိုတို့ကတော့ထုံးစံအတိုင်း ဟိုလျှောက်ကြည့် သည်လျှောက်ကြည့်၊ဟိုစာအုပ်ကိုင်ကြည့်လိုက် ဒီစာအုပ်ကိုင်ကြည့် လုပ်နေသေးသည်။ထက်ဦးညီ စာအုပ်ဝယ်ပြီးလို့ပြန်မယ်လုပ်တော့ ရှင်လင်းညိုတို့ ခုံကိုမှီပြီး ခေါင်းကြီးအနောက်လန်ပြီး အိပ်ပျော်စပြုနေပြီဖြစ်သည်။ရှပ်အကျႌအဖြူ ရောင်ကို လက်ခေါက်တင်ပြီး ဂျင်းဘောင်းဘီအရှည်ဝတ်ထားသော ရှင်လင်းညို၏ ပုံစံမှာသပ်ရပ်ပြီးဆွဲဆောင်မှုရှိနေသည်။
ဒါကို ပြုံးပြီးရပ်ကြည့်နေသော ကိုယ်တော်ချော ထက်ဦးညီလည်း အစကကိုယ့်ကိုယ်ကိုသတိမထားမိဘဲ နောက်မွ ထက်ဦးညီလက်ကိုလှုပ်ရမ်းနှိုးလိုက်ပြီး အင်းဝထဲကအလျင်အမြန်ထွက်လာခဲ့လိုက်သည်။အပြင်ရောက်တော့ ကိုယ့်ရင်ဘတ်ကို ပြန်စမ်းကြည့်လိုက်သည်။ရင်မခုန်ဘဲငြိမ်နေလို့တော်သေးတယ်ဟုတွေးမိတုန်းရှိသေး အနောက်ပြန်လှည့်လိုက်မွ သူ့အနောက်မှာရပ်နေတဲ့ ရှင်လင်းညို ရင်ခွင်ထဲ ဝင်လိုက်သလို ဖြစ်သွားပြီးရင်တွေခုန်လာသည်။

ဖြူစင်သော ချစ်ခြင်းဖြင့်Where stories live. Discover now