Ep(25)(zawgyi & unicode)

Começar do início
                                    

"သန့် မင်းကလေးလည်းမဟုတ်ဘူးကွာ။ ငိုမနေနဲ့ ဒီမှာသားကိုချော့လို့မရရတဲ့ကြားထဲ"

နှုတ်ခမ်းကိုတစ်တောင်လောက်ထော်ပြီး လူကိုစိုက်ကြည့်ကာ

"တွေ့လား။ မင်းကငါ့ထပ်သားကိုပိုချစ်တာ။ ငါ့ကိုမချစ်ဘူး...."

ဗီဒီယိုကြည့်ပြီးတဲ့သူတိုင်းက သူ့ခံစားချက်နဲ့သူဖြစ်ပြီး အခန်းထဲကိုယ်စီဝင်သွားတာကြောင့် သျှားတို့ပဲကျန်ခဲ့တာ တော်သေးတယ်ပြောရမယ်။

ရှင်းလေရှုပ်လေဖြစ်နေတာကြောင့် သျှားဘာမှဆက်မပြောတော့ဘဲ သားဖြစ်သူကိုသာ ချော့နေလိုက်သည်။ မသိချင်ယောင်ဆောင်ပြီး ပစ်ထားတော့မှ ငြိမ်ကျသွားလေသည်။

သားကိုချီကာချော့မြှူနေရင်း အနောက်ကနေခါးကိုသိုင်းဖက်ပြီး ပုခုံးပေါ်မေးစေ့လေးလာတင်သည့်သန့်

"ကိုအဂ္ဂက အရမ်းချစ်တတ်တာပဲနော်။ လင်းမြတ်လေးကံကောင်းလိုက်တာ"

"ကိုယ်ကရောမချစ်တတ်လို့လား"

"ဟက် မင်းလားချစ်တတ်မှာ ဆေးကျောင်းဒုတိယနှစ်တက်ထဲက မင်းကိုတောက်တဲ့လိုတွယ်ကပ်နေတာတောင် ငါ့အချစ်ကိုမင်းမြင်လို့လား"

"အဲ့အချိန်တုန်းက မမြင်ခဲ့တဲ့အတွက် ကိုယ်အခုနောင်တတွေရနေတယ်ဆိုတာရော မင်းလေးသိနိုင်မှာလား"

သျှားပြောလိုက်တဲ့စကားကြောင့် သန့်ဆိုတာပါးစပ်အဟောင်းသားလေးနဲ့ ချစ်စရာကောင်းစွာ အံသြပုံကြောင့် သျှားမနေနိုင်ပဲ သန့်နှုတ်ခမ်းလေးကို အနမ်းပွင့်လေးခြွေမိပြန်သည်။

"ခစ်....ခစ်...ခစ်"

"သားကဘာကိုသဘောကျတာလဲ"

သန့်ကိုလက်ညှိုးထိုးလိုက် သူ့နှုတ်ခမ်းလေးကို လက်ညှိုးညွှန်ပြလိုက်နဲ့ သဘောကျနေသည့်သားလေး

"သားက ဖေဖေနမ်းတာကို သဘောကျနေတာလား"

သားဖြစ်သူကိုကြည့်ကာမေးရင်း နောက်တစ်ဖန်သန့်ကို အနမ်းပန်းခြွေစေပြန်သည်။ ချစ်စရာသားငယ်လေးမှာ လွန်စွာသဘောကျနှစ်ခြိုက်နေသည်လေ။ သားလေးမှာလည်း အဖေနှစ်ယောက်နမ်းတာကိုကြည့်ပြီး တခိုးခိုးတခစ်ခစ်နဲ့ သဘောတွေကျနေရှာသည်။

Kiss ThiefOnde as histórias ganham vida. Descobre agora