Part 16

5.1K 743 73
                                    


'Baekhyun ရေ.... သူဌေးရုံးခန်းက ခေါ်နေတယ်'

"ဟုတ်''

အခုလို နာမည်တတ်ခေါ်မှတော့ Baekhyun ဘယ်လိုမှ ငြင်းမရတော့ပေ။

ညက Chanyeol ဖွင့်ပြောပီးကတည်းက Baekhyun ရှက်နေမိသည်မှာ ခုချိန်ထိ။

တစ်ညလုံးလည်း ပူထူကာ ရှက်နေမိသည်မို့ Chanyeol ဖုန်းဆက်နေသည်ကိုလည်း မကိုင်ဖြစ်ခဲ့။

မနက်ရောက်တော့လည်း အစောကြီးနိုးနေသည်မို့ အလုပ်ကို အစောကြီးထွက်လာခဲ့သည်။

မနက်အလုပ်သွားရင် လာခေါ်မယ်ဆိုသော Chanyeolရဲ့ msg လေးကိုတော့ လာမခေါ်တော့နဲ့ဟု ပြန်ပို့ပေးခဲ့သည်။

ကိုယ်က ရှက်လို့ ရှောင်နေခဲ့ပေမယ့် Chanyeol အလုပ်ရှုပ်နေမည်စိုး၍ msg လေးတော့ ပြန်ပို့ပေးခဲ့ရသည်။

အလုပ်ရောက်တော့လည်း ရှောင်နိုင်သလောက်တော့ ရှောင်ခဲ့သည်။

Chanyeolကတော့ဘယ်လိုထင်နေသည်မသိ။
Baekhyun ရှောင်နေတာ သိလို့လားမသိ Chanyeolက အဆင်ပြေအောင်နေပေးခဲ့သည်။

အပြင်သွားရသည့် အလုပ်ကိစ္စတွေတောင် ဒီနေ့ Baekhyun ကို ခေါ်မသွားခဲ့ပေ။

အဲ့လိုကျတော့လည်း Baekhyun နေရတာ တစ်မျိုးကြီးဖြစ်နေရသည်။
အလုပ်မှာ အမြဲတတွဲတွဲနေဖြစ်သည်မို့ ခုလိုကျတော့လည်း တစ်မျိုးကြီး။
ကိုယ့်စိတ်နဲ့ကိုယ် ရှုပ်ယှက်ခတ်နေသော Byun Baekhyun လေးပင်။

နေ့လည်စားချိန်ထိ မတွေ့ရသေးတော့လည်း တစ်ခုခုလိုနေသလို။
ရှက်တာက ရှက်တာပဲ.....
တွေ့ချင်တာက တွေ့ချင်တာပဲမို့....

Chanyeolရုံးခန်းဆီ အပြေးကလေးသွားမိသည်။

*ဒေါက်.... ဒေါက်..... ဒေါက်

အထဲက ပြန်ဖြေသံမကြားရသေးပေမယ့် တံခါးခေါက်ကာ အသိပေးပီးပီမို့ တံခါးဖွင့်ကာ ဝင်ခဲ့လိုက်သည်။

'အဟက်..... ဝင်ခဲ့ လို့တောင်မပြောရသေးဘူး.... ချက်ချင်းဝင်လာတယ်ဆိုတော့ ရဲလှချည်လား'

ခပ်ထေ့ထေ့ပြုံးကာ ခြေထောက်ချိတ်ထိုင်လျက်ရှိသော Sehun ကိုမြင်တော့မှ Baekhyun အလောကြီးမိသည့် ကိုယ့်ကိုကိုယ် နောင်တရမိသည်။

Sunshine (Zawgyi+Unicode)Where stories live. Discover now