Part 8

5.4K 668 40
                                    


#Morning ပါ Baekhyun....
ဘာလုပ်နေလဲ?

ငြိမ်သက်နေဆဲ ဖြစ်နေသော ဖုန်းလေးကို ခဏခဏ ထုတ်ကြည့်မိနေတာ ဘယ်နှကြိမ်မှန်းမသိ။

ညကတည်းက ပို့ထားတဲ့ msg လေးက replyမလာသေးသလို မနက်ခင်း အိပ်ယာကထကတည်းက ပို့ထားသည့် msgလေးဟာလည်း အကြောင်းမထူးသေး။

ဘာများဖြစ်နေသလဲ?

မသိစိတ်ကစိတ်ပူလာတော့ ကော်ဖီပူတို့ပင် အမှတ်မမဲ့ မော့သောက်မိသည်အထိ။

အား လား လား....ပူလိုက်တာ...

'သားရယ် မနက်စာ စားချိန်တော့ ဖုန်းလေးချထားပါ'

Ommaက မနက်စာ အတူစားချင်တယ်ပြော၍ ထမင်းစားပွဲမှာ ထိုင်နေရပေမယ့် Chanyeolရဲ့ စိတ်အစဉ်ကတော့ မှုန်တေတေကောင်လေးဆီသာ လွင့်နေသည်။

ဖြစ်နိုင်ရင် ချက်ချင်းပင် Baekhyunဆီ ပြေးတွေ့ချင်ပေမယ့် Ommaကြောင့်သာ သီးခံနေရခြင်း။

အလုပ်များတဲ့ အိမ်တွေရဲ့ ထုံးစံအတိုင်း ဘယ်တော့မှ ထမင်းလက်ဆုံ စားဖြစ်တယ်ရယ်မရှိ။

Ommaသတ်မှတ်ပေးထားသည့် တစ်ပါတ်မှာ တစ်ရက်....
ထို့နေ့လေးကတော့ မပျက်မကွက် မနက်စာကတည်းက လက်ဆုံစားရသည်။

မနေ့ညကတည်းက ပင်ပန်းနေတဲ့ Baekhyunကို မြင်ပီးကတည်းက Chanyeolရဲ့ စိုးရိမ်ပူပန်စိတ်တွေက ပိုတိုးလာရသည်။

Baekhyunလို လူငယ်အရွယ်လေးတွေဟာ ကျောင်းတက်ပီး ပျော်ရွှင်နေရမည့်အရွယ်။

သူငယ်ချင်း အပေါင်းသင်းတွေနဲ့ ပူပင်မှုမရှိ လွတ်လပ်ပျော်ရွှင်နေရမည့်အချိန်။

Baekhyunမှာတော့ အရွယ်နဲ့မမျှတဲ့ တာဝန်တွေထမ်းထားရသလို။

တစ်နေ့လုံး မနားမနေအလုပ်လုပ်ကာ တစ်ဦးတည်းကျန်ရှိသော အမေဖြစ်သူကို လုပ်ကျွေးနေပေမယ့် ညည်းညူခြင်းလည်း ရှိဟန်မတူ။

Baekhyun အမေကလည်း Baekhyunအပေါ် အားနာပုံရပေမယ့် သူကိုယ်တိုင် မစွမ်းဆောင်နိုင်သည်မို့ Baekhyunအလုပ်လုပ်နေသည်များကို ရင်နာနာနဲ့ လွတ်ပေးထားရပုံ။

အဆုံးသတ်အနေနဲ့တော့ နူနယ်သေးသည့် အရွယ်ပင်ဖြစ်သော်လည်း Baekhyunမှာ ပျော်ရွှင်အနားယူချိန်ဟူ၍ မရှိတော့။

Sunshine (Zawgyi+Unicode)On viuen les histories. Descobreix ara