Part-27(Final)

721 81 12
                                    

(Zawgyi)

soeun's P.O.V,

'တီ…တီ…တီ'

အကြိမ်ဖန်များစွာခေါ်ဆိုနေသော်လည်းဖြေကြားမှုမရှိသည့်
တစ်ဖက်မှဖုန်း

"ဘာလို့ခုထိမလာသေးတာလဲ"

အခုချက်ချင်းလာခဲ့မယ်ပြောသောသူမှာ1နာရီကျော်
သွားတာတောင်ရောက်မလာသေး

သူ့အိမ်ကနေဒီကိုလာရင်10မိနစ်တောင်မကြာတဲ့ဟာကို

တစ်ခုခုများဖြစ်နေလို့လား

10ကြိမ်မြောက်အဖြစ်သူ့ဆီတဖန်ကြိုးစား၍ဖုန်းခေါ်ကြည့်
လိုက်သည်

"ဟဲလို"

ကံကောင်းစွာနဲ့တစ်ဖက်ကဖြေဆိုသူထွက်ပေါ်လာသော်
လည်းကံဆိုးစွာနဲ့ထိုသူမှာmyungsooမဟုတ်

"ဟဲလို…ဟိုဟာ…Kim myungsoo ရဲ့ဖုန်းဟုတ်ပါတယ်နော်"

"noona…soeun noonaလား…myungsoo
အခုဆေးရုံရောက်နေတယ်…အီး ဟီး…ဘယ်လိုလုပ်ကြ
မလဲ…ကားတိုက်မိတာတဲ့…အီး ဟီး…noona ***ဆေးရုံကိုမြန်မြန်… မြန်မြန်လာခဲ့ပါ…ဟင့် ဟင့်"

လက်ထဲမှဖုန်း မြေပြင်ပေါ်သို့လွတ်ကျ သွားသည်

3မိနစ်…မဟုတ်ဘူး…5မိနစ်လောက် ကျွန်မထိုနေရာတွင်
မလှုပ်မယှက်ရပ်နေမိသည်

တစ်စုံတစ်ယောက်ကရင်ဝကိုချွန်ထက်ထက်ဓားတစ်ခုနဲ့
ရည်ရွယ်ချက်ရှိရှိဆောင့်ထိုးလိုက်သလိုရင်ဘတ်ကြီးတစ်ခု
လုံးအောင့်တက်၍ပူလောင်လာသည်

ကား…ကားတိုက်တယ်တဲ့လား

မဖြစ်နိုင်တာ

လိမ်နေတာလို့
နောက်နေတာလို့
နားကြားမှားတာလို့ပြောပေးကြပါ

"မဟုတ်ဘူး…မဟုတ်ဘူး…မဟုတ်လောက်ပါဘူး"

ပါးပြင်ပေါ်တရစပ်စီးကျနေတဲ့မျက်ရည်တွေသုတ်ပစ်ရင်း

မလှုပ်နိုင်တော့တဲ့ခြေထောက်တွေဆီအားထည့်ရင်း

ကြောက်ရွံနေတဲ့စိတ်ကိုဖြေသိမ့်ရင်း

sungyeolပြောပြသည့်ဆေးရုံဆီသို့ပြေးထွက်လာခဲ့
သည်

"သား noonaကိုပြန်ပြီးကာကွယ်ပေးမယ်...ဘယ်သူမှ မထိရဲအောင်စောင့်ရှောက်ပေးမယ်လို့ကတိပေးတယ်"

My Winter StoryWhere stories live. Discover now