Part-12

575 65 7
                                    


(Zawgyi)

soeun's P.O.V,

ဆောင်းရာသီရဲ့အအေးဒဏ်ဟာအိပ်ယာထဲမှနှိုးမထလာနိုင်
အောင်ချု ပ်နှောင်နိုင်စွမ်းအပြည့်ရှိလေသည်

'တီ တီ တီ'

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိထထမြည်နေသောနှိုးစက်သံ
အားကျွန်မထထပိတ်နေသည်မှာလည်းဘယ်နှစ်ကြိမ်
မြောက်မှန်းမသိတော့

မပွင့်တစ်ပွင့်ဖြစ်နေသောမျက်လုံးများနှင့်မကြည်မလင်မြင်နေ
ရသောနာရီလက်တံများအားလှမ်းကြည့်လိုက်သည်

8:45

စောပါသေး......ဟမ်...8:45!!!!!

သေစမ်း...သွားပါပြီ...နောက်ကျပါပြီ...အရေးကြီးတဲ့အတန်းချိန်ရှိပါတယ်ဆိုမှ

ထုံးစံအတိုင်း15မိနစ်နှင့်ဝုန်းဒိုင်းကြဲပြင်ဆင်ပြီး
ခပ်သုတ်သုတ်ပြေးထွက်ခဲ့ရသည်

ပါးစပ်တွင်ကိုက်ထားသောပေါင်မုန့်ချပ်
လက်တွင်ကိုင်ထားသောစတော်ဘယ်ရီနို့ဘူး
လည်ပင်းတွင်တို့လို့တွဲလောင်းကျနေသောမာဖလာ
ကျောကုန်းတွင်ဇစ်မပိတ်ရသေးသောလွယ်အိတ်
ခြေထောက်တွင်ကြိုးမချည်ရသေးသောဖိနပ်

ဗရုတ်သုတ်ခနှင့်ကိုးရို့ကားယားဖြစ်နေသောကျွန်မပုံစံမှာ
တော်တော်အမြင်ဆိုးလိုက်မည့်ဖြစ်ခြင်း

မတတ်နိုင်...busကားမှီဖို့အတွက်တော့ဤပုံစံနှင့်ပင်ဆက်
ပြေးရဦးမည်ဖြစ်သည်

မရှိတဲ့အရှက် ကွဲလည်းကွဲပါစေတော့

ခပ်လှမ်းလှမ်းတွင်busကားဂိတ်အားလှမ်းမြင်လာရသည်
10မိနစ်လောက်လျှောက်ရသည့်လမ်းကို2မိနစ်လောက်နှင့်
အရောက်လာနိုင်ခြင်းမှာနည်းသည့်အရှိန်တော့မဟုတ်

လှမ်းမြင်နေရသောbusကားဂိတ်ဆီသို့ကျွန်မစီးရမည့်bus
ကားဆိုက်ရောက်လာသည်

မဖြစ်ဘူး...ဒီကားလွတ်သွားရင်နောက်တစ်စီးလာဖို့သေမ
လောက်စောင့်ရတော့မှာ...ကျေးဇူးပြု ပြီးမထွက်ပါစေနဲ့ဦး

မြန်နေပြီးသားခြေလှမ်းများကိုအရှိန်ထပ်မြင့်လိုက်မိသည်

ထိုအချိန်တွင်မချည်ထားသောကိုယ့်ဖိနပ်ကြိုးအားပြန်တက်
နင်းမိပြီးခြေထောက်လိမ်သွားသည် ပြေးနေသောခြေလှမ်း
များဟန်ချက်ပျက်သွားသည် ခန္ဓာကိုယ်မှာအရှေ့သို့ယိုင်ကျရန်ဦးတည်နေသည်
ကိုယ့်ကိုယ်ကိုလည်းပြန်ထိန်း၍မရတော့

My Winter StoryWhere stories live. Discover now