Part-21

551 74 13
                                    

(Zawgyi)

soeun's P.O.V,

Myungsooရဲ့မျက်နှာပေါ်မှာအကြောင်းလိုက်ထင်သွား
တဲ့ခြစ်ရာကိုမြင်လိုက်ရတဲ့အခိုက်အတန့် ဒေါသက
ထောင်းခနဲထွက်လာသည်

တစ်ချိန်လုံးလိုက်ဒုက္ခပေးနေတဲ့sojin unnieကိုတစ်ခါမှ မလေးမစားပြန်မပြောခဲ့ဖူးပေမယ့်အခု ကျွန်မ သူမကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလိုက်မိတာလား

တစ်ခါမှပြန်ရန်မတွေ့ခဲ့တဲ့ကျွန်မ အခု သူမကို ကြမ်းကြမ်းတမ်းတမ်းမောင်းထုတ်လိုက်မိတာလားမသိ
တော့

ကျွန်မသိတာဆိုလို့ သူမကြောင့်ထိခိုက်သွားရတဲ့
myungsooတစ်ယောက်တည်းသာဖြစ်သည်

ခပ်ထူထူမျက်ခုံးနှင့်အပြိုင်ပုံပန်းမကျစွာအထင်းသားပေါ်
သွားတဲ့ခြစ်ရာ

ဖြူ ဖွေးဖွေးနဖူးထက်မှာမလိုက်မဖက်အခန့်သားနေရာ
ယူသွားတဲ့နီရဲရဲသွေးတွေ

ကြည့်ကောင်းလွန်းတဲ့သူရဲ့မျက်နှာမှာအဲ့လိုဒဏ်ရာဒဏ်ချက်
ကြီးကိုမြင်ရတာနည်းနည်းလေးမှသဘောမကျ
ကျွန်မကြောင့် သူအဲ့လိုတွေထိခိုက်နေရတာကိုနည်းနည်း
လေးမှစိတ်မကောင်း

သူ ဘယ်လောက်များနာနေလိုက်မလဲဆိုတဲ့အတွေးကြောင့်
ဒဏ်ရာကိုကြည့်လိုက် သူ့ကိုကြည့်လိုက်နှင့် ကျွန်မဘာတွေ
ပြောလို့ပြောနေမိမှန်းမသိတော့

အပူတပြင်းစိုးရိမ်ပေးနေတဲ့ကျွန်မနှင့်ဆန့်ကျင်စွာသူကတော့ ကျွန်မကိုစူးစူးစိုက်စိုက်ကြည့်နေရုံကလွဲ၍စကားတစ်ခွန်းမှ တုန့်မပြန်

ထိုအချိန် ရုတ်တရက်

ကျောပြင်ထက်ကိုကျူးကျူးကျော်ကျော်ထိပါးလာသော လက်တစ်စုံနှင့်ကျွန်မကိုအသာအယာဆွဲပွေ့လိုက်သည့် သူ

သူရဲ့ရင်ခွင်တွင်းသို့တည့်တည့်မတ်မတ်ဝင်ရောက်သွားသည့် ကျွန်မ

နံရံထက်၌ရွေ့လျားနေသည့်နာရီလက်တံများကို
မြင်တစ်ချက် မမြင်တစ်ချက်

ခုနထဲကတောက်လျှောက်ဟောင်နေတဲ့ dogumရဲ့
အော်သံကို ကြားတစ်ချက် မကြားတစ်ချက်

My Winter StoryHikayelerin yaşadığı yer. Şimdi keşfedin