"အေးပါ အေးပါ ဒါဆို ငါသွားပြီ"
ပျော်ရွှင်စွာ ဟန်နီးမွန်းထွက်သွားသော ဖေဖေ ကိုကြည့်ပြီး ကျနော်လည်း နောက်ကားတစ်စီးထဲအ၀င်

"ဟို ကလေး"

ကျနော့်လက်ကိုချက်ချင်းဆိုသလို လာဆွဲတဲ့ဦး

"အင်း "

ဦးဘက်ကိုလှည့်ပြီး ပြန်ပြုံးကာ စကားထောက်ပေးလိုက်တော့

"ဦးလာနေပေးရမလား"

မေးခွန်းလား ဦး
ဦးကိုယ်တိုင်ကကော နေချင်လို့လား

"ကိုရေ အဆင်သင့်ဖြစ်ပီ မွှေးတို့သွားမယ်လေ"
"အော အင်းအင်းခနလေးမွှေး"

"ကလေး ဦးမေးတာဖြေလေ"

"ရပါတယ် ကျနော်တစ်ယောက်တည်းအဆင်ပြေပါတယ်"

ကျနော် ဦးကို ကျောခိုင်းလိုက်တော့တယ်

ဦး ကျနော် ဦးကို နေစေချင်ပါတယ်

ဒါပေမဲ့ဦးက ကျနော့်ထက် မွှေးဆိုတဲ့ ကောင်မလေးနက်အတူနေဖို့ဆုံးဖြတ်ထားတာလေ

*****

မီးရောင်စုံ ထိန်လင်းနေတဲ့ စင်တခုမှာ sexy ဆန်ဆန်ကနေတဲ့ကောင်မလေးတစ်ယောက် ကို အောက်ကငေးမောစွာကြည့်နေတဲ့ ယောက်ျားလေးတွေများစွာ ရှိသလို အရက်ပုလင်းကို ကိုင်ကာ မော့သောက်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ဘေးကနေလည်း မသောက်ဖို့တားနေတဲ့ကောင်လေးတစ်ယောက်ရှိတယ်

"ဈာန် တော်တော့ကွာ မင်းမူးနေပြီ"

"hk နာကျင်လွန်းလို့ပါ"

"မင်းကဘာတွေနာကျင်နေတာတုန်း ငါ့ကောင်ရ"

"ဦးကို ၀န်ခံခဲ့တယ် "

"ဘယ်လို!!!"

"ငါဦးကိုချစ်တယ်လို့ပြောခဲ့တယ် အေ့ ..."

"ဘယ်လို!!!"

"အေး..."

"အေး အဲ့တော့ သူကဘာပြောလဲ"

"ဘာမှမပြောဘူး နိုင်ငံခြားထွက်သွားတယ် ပြန်လာတော့ ကောင်မလေးရလာတယ်"

"ဘယ်လို! !!"

"အေးကွာ "

ဈာန်တစ်ယောက်သူငယ်ချင်းကိုရင်ဖွင့်လိုက် အ၇က်ပုလင်းမော့လိုက်နဲ့

ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)Onde histórias criam vida. Descubra agora