Ep-3

5.4K 348 0
                                    

******ZAWGYI******

ကျွန်​​တော်​alarm မမြည်​ခင်​ကတည်းက အ​စောကြီးနိုး​နေတယ်
နိုး​နေတယ်​လို့​ပြောတာထက်​ ​ကောင်း​ကောင်းမအိပ်​ရ​သေးဘူးလို့​ပြောရင်​ပိုမှန်​မှာ
မ​နေ့ညက​တွေ့ခဲ့တဲ့​ကောင်​မ​လေးအ​ကြောင်းစဉ်းစား​နေတာ သူမက tae ​လေးလား? မဖြစ်​နိုင်​ဘူး

ကျ​တော်​​ရေမြန်​မြန်​ချိုး အကျီင်္ဝတ်​ပြီး မနက်​စာကိုမြန်​မြန်​စား
ကား​သော့ယူပြီး​ကျောင်းသို့ထွက်​လာခဲ့တယ်

ကျောင်း​ရောက်​​တော့သူမများရှိမလားလို့ library မှာ စ​တွေ့တဲ့စာအုပ်​​ကောက်​ဆွဲပီးသူမအလာကို ​စောင့်​​နေမိတယ်​ သူမ လာမလာလည်းမသိဘုး ဟုတ်​ပါတယ်​ ကျွန်​​တော်​ဝန်​ခံပါတယ်​အခုတ​လော ကျွန်​​တော်​မူမမှန်​တာကို....
ကျွန်​​တော်​ကို တချို့သူ​တွေက ထူးဆန်းတဲ့မျက်​လုံး​တွေနဲ့ကြည့်​​နေတယ် ဟုတ်​မှာ​ပေါ့ ကျွန်​​တော်​ jeon jungkook က library ထဲ​ရောက်​​နေတာကိုး ........

ကျွန်​​တော်​ သူမများလာမလားလို့​စောင့်​​နေမိတာ နာရီဝက်​​လောက်​ရှိ​နေပြီဒါ​ပေမဲ့ သူမမလာ​သေး......

ကျွန်​​တော်​လည်း ဒါနဲ့ library ထဲကပြန်​ထွက်​ပြီး ​ကျောင်းဝင်းထဲက​နေဘဲသူမအလာကိုဘဲ​စောင့်​​တော့မယ်​လို့ဆုံးဖြတ်​လိုက်​တယ်

ဒါ​ပေမဲ့သူမ​ရောက်​မလာ​သေးဘူး ဒီ​နေ့အတန်းမရှိလို့များလား

အဲ့အချိန်​......

'Jungkook'

ကျွန်​​တော့်​နာမည်​​ခေါ်သံကြားတာနဲ့လှည့်​ကြည့်​မိ​တော့
ဟာ သွားလိုက်​ပါ​တော့...

'ဘာလဲ..'

'မင်းကလည်း အသံကြီးက ဆယ်​ရက်​​လောက်​ထမင်းမစားရ​သေးတဲ့အသံနဲ့' hoseok ​ပြောလိုက်​သည်

'......'

'တစ်​​ယောက်​ထဲ ဘာလုပ်​​နေတာလဲ'

'အတန်းစ​တော့မယ်​'

'အဲ့​တော့'

'အဲ့​တော့အတန်းတက်​ဖို့သွားမယ်​​လေ'

'ငါလုပ်​စရာရှိ​သေးတယ်​'

'လူ​စောင့်​​နေတယ်​ဆိုလည်း​စောင့်​​နေတယ်​​ပြောပါ'

Eternal Love(Myanmar)Where stories live. Discover now