Ep-1

17.7K 538 14
                                    

*****ZAWGYI********

လူ​တွေဆိုတာယုံရတဲ့အမျိုးမဟုတ်​ဘူးတဲ့
အစက​တော့ အဲ့စကားဟာမှား​နေတယ်​ဘဲထင်​ခဲ့တယ်
အဲ့လိုထင်​ခဲ့တဲ့ကျွန်​မဟာ လုံးဝမှားသွားခဲ့တယ်
ကိုယ်​အယုံကြည်​ရဆုံး​သောလူ​တွေရဲ့သစ္စာ​ဖောက်​ခြင်ူ​တွေကိုကိုယ်​တိုင်​ကြုံ​တွေ့လာရတဲ့အခါမှာပို​သေချာသွားခဲ့တယ်
လောကမှာကိုယ်​ယုံကြည်​ရသူ​တွေရဲ့သစ္စာ​ဖောက်​ခံရတာ​လောက်​​တော့ဘယ်​အရာကဆိုးမှာလဲ

ကျွန်​မဆိုတဲ့Kim Tae Tae ဆိုတာ ​မွေးကတည်းကလို​လေ​သေးမရှိ​အောင်​​နေခဲ့ရတယ်​ ဘယ်​အရာမဆို ရနိုင်​​လောက်​တဲ့အထိ မိဘနှစ်​ပါးဟာချမ်းသာကြတယ်​ ကုမ္ပဏီများစွာကိုပိုင်​ဆိုင်​ကြတယ်​ လုပ်​ငန်း​ပေါင်းများစွားကိုဦးစီးကြတယ်

ဒါ​ပေမဲ့​ပေါ့ ........

ကျွန်​မအသက်​၁၀နှစ်​အရွယ်​မှာ ကိုယ်​အချစ်​ရဆုံးမိဘနှစ်​ပါးဟာ အချင်းချင်းသစ္စာ​ဖောက်​ခဲ့ကြတယ်
သူတို့နှစ်​​ယောက်​ကြားမှာ​မြေစာပင်​ဖြစ်​ခဲ့ရတယ်​ ရန်​ပွဲ​တွေကြားထဲမှာ​နေခဲ့ရတယ်

ကျွန်​မအသက်​ ၁၁နှစ်​အရွယ်​မှာခွဲ​နေကြတဲ့မိဘနှစ်​ပါးဆီတလှည့်​ဆီသွား​နေခဲ့ရတယ်​ တစ်​​ယောက်​က America တစ်​​ယောက်​က Korea မှာ​နေကြတယ်
ကျောင်း​ပေါင်းစုံမှာတက်​ဖူးတယ်​ လူ​တွေအများကြီးနဲ့​တွေ့ဖူးတယ်​ အဲအချိန်​ထိ လူ ဆိုတာ မယုံရတဲ့အမျိုးဆိုတာနားမလည်​ခဲ့​သေးဘူး

အသက်​၁၃နှစ်​အရွယ်​မှာ​တော့အရာအားလုံးကိုနားလည်​လာခဲ့တယ်​ အရွယ်​နဲ့မမျှ​ပေမဲ့ ​လူ​တွေအ​ကြောင်းကိုသိလာခဲ့တယ်​ လူဆိုတာကိုယ့်​အတွက်​ဘဲကြည့်​တတ်​တဲ့လူ​တွေချည်းပါဘဲ... ဟက်​...မယုံလည်းမတတ်​နိုင်​ဘူး ဒါ​ပေမဲ့ အဲဒါ​တွေကအမှန်​တရား​တွေချည်းဘဲ ကျွန်​မကကိုယ်​တိုင်​ကြုံ​တွေ့ခဲ့ရတာ ကျွန်​မမိဘနှစ်​ပါးက ကိုယ်​​ကောင်းဖို့အတွက်​ စီးပွား​ရေးပိုတိုးတက်​ဖို့ လုပ်​ငန်း​ပေါင်းစည်ုတဲ့အ​နေနဲ့ ယူခဲ့ကြတာတဲ့

အဲလိုမိဘနှစ်​ပါးကြား ကြားခံဖြစ်​​နေခဲ့တဲ့အချိန်​မှာ ကိုယ်​ယုံကြည်​ရသူ သူ့ခင်​လွန်းလို့မှ korea မှာ​နေပြီး​ကျောင်းအတူတူတက်​ခဲ့တဲ့ ကျွန်​မကို သူ့မိဘ​တွေစီးပွား​ရေးတိုးတက်​​အောင်​ ကျွန်​မနဲ့သူငယ်​ချင်းလုပ်​ခဲ့တဲ့ ကျွန်​မဘဝရဲ့ ပထမဆုံးနဲ့ ​နောက်​ဆုံးသူငယ်​ချင်းဖြစ်​တဲ့ Park Yuri
သူကျွန်​မကိုဘာ​ကြောင့်​သူငယ်​ချင်းလုပ်​ခဲ့တယ်​ဆိုတဲ့အ​ကြောင်းကို အမှတ်​မထင်​သိလာခဲ့ပြီးတဲ့အခါမှာ လူ​တွေကို ​မုန်းလာတယ်​ သူတို့အ​ဝေးမှာဘဲ​နေချင်​လာတယ်​ အရမ်းကိုနာကျည်းသွားပြီး America က​ကျောင်းကို​ပြောင်းပြီးအဲ့မှာဘဲ​ကျောင်းတက်​​နေခဲ့တယ်​ တစ်​​ယောက်​တည်းဘဲဘယ်​သူငယ်​ချင်းမှမထား​တော့ဘူး တစ်​​ယောက်​တည်းနှစ်​​ပေါင်းများစွာ​နေခဲ့တယ်​ မိဘ​တွေနဲ့လည်းရင်းရင်းနှီးနှီးမ​နေမိ​တော့ဘူး america မှာ အ​ဖေ korea မှာ အ​မေ ရှိ​ပေမဲ့ လည်း နှစ်​​နေရာလုံးမှာ ကိုယ့်​အိမ်​​နေဘဲ​နေ​တော့တယ်

Eternal Love(Myanmar)Where stories live. Discover now