{၂၆}

1.8K 112 1
                                    

Zawgi...

ဟင်း......

သက်​ပြင်းအခါခါချရင်း ​ဆေးရုံခန်းထဲအ
ခေါက်​​ခေါက်​​လျောက်​​နေမိသည့်​တိုင်​၊လို
ချင်​သည့်​အ​ဖြေက ရမလာ​သေး​ပေ။

ဒေါက်​​ဒေါက်​.....

"​မောင်​....သွယ်​တို့ည​နေစာသွားစားရ
အောင်​​လေ...."

ခါးလည်​​လောက်​ရှိသည့်​ဆံပင်​များကို
ခပ်​မြင့်​မြင့်​စုစည်းရင်း၊နီညို​ရောင်​မြန်​မာ
ဆံဆံဝမ်းဆက်​ထက်​မှဂျူတီဂုတ်​နှင့်
သွယ်​သည်​ မိန်းက​လေးတစ်​​ယောက်​အ
နေနှင့်​ဆိုလျင်​ အထက်​တန်းဆန်​​သော
အလှကိုပိုင်​ဆိုင်​ထားသည့်​ လှပ​သော
မိန်းမပျိုဖြစ်​သည်​။

"​မောင်​....သွားရ​အောင်​လို့ ​​နောက်​ကျ
နေရင်​ ​မောင်​ပဲအစာအိမ်​ဖြစ်​လိမ့်​မယ်
နော်​...ဆရာဝန်​အချင်းချင်းကိုပြန်​​ပြော
နေရတယ်​ ​မောင်​ရယ်​....."

အပြုံးဖွဖွနဲ့ဆုံးမဟန်​​ပြော​နေ​သော သူမ
ကို အရင်​လိုဆို သူ ခပ်​ဟဟရယ်​ကာ ဆ
ရာမ​လေးဟု စ​နောက်​လိမ့်​မည်​ဆို​ပေမဲ့၊
အ​နေ​ဝေးသွားတာ​ကြောင့်​​ရော၊​'​မောင်​´
ဟုမ​ခေါ်ဖို့ သူ​ပြောထားသည်​ကို ​အားမနာ
တမ်း​ခေါ်​နေ​သေးသည့်​ သူမ​ကြောင့်​ ဟက်
ဟက်​ပတ်​ပတ်​ သူမအားစကားပြန်​မ​ပြော
ချင်​​တော့ပါ။

"​ဆေးရုံ​ရှေ့နားမှာ အသစ်​ဖွင့်​ထားတဲ့ဆိုင်
ရှိတယ်​ ​မောင်​...သွယ်​တို့အဲ့ဒီပဲ သွားရ
အောင်​​လေ​နော်​...."

သူမ၏ အ​ဖော်​​ခေါ်​နေ​သောစကားအား
စိတ်​မပါစွာနှင့်​ပင်​ သူ​ခေါင်းညိမ့်​ပြလိုက်
သည်​။

"​သွယ့်​ ကို​တော့နဲနဲပဲဖြစ်​ဖြစ်​ အားနာသင့်
ပါတယ်​ ​မောင်​....​မောင့်​ရဲ့ဝတ်​​ကျေတန်း
ကျေပုံစံနဲ့ အခုမှအသစ်​​ရောက်​လာတဲ့​ဆေး
ရုံမှာ သွယ်​အရှက်​မကွဲချင်​ဘူး​မောင်​ ​ကျေး
ဇူးပြုပြီး....သွယ့်​သိက္ခာကိုငဲ့​ပေးပါ...."

တောင်းဆိုချင်းမဟုတ်​။အထက်​စီးဆန်
သော စကားများနှင့်​အမိန့်​​ပေး​လို​သော
သွယ်​ သည်​ နိုင်​ငံရပ်​ခြားတွင်​​နေခဲ့ရ​ပေ
မဲ့ သူမ၏အဖွားကဲ့သို့ပင်​ ဂုဏ်​အရှိန်​အ၀ါ
တို့အား မက်​​မောသူတစ်​​ယောက်​ဖြစ်​သည်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now