Ep 15

1.4K 105 18
                                    

မှန်တင်ခုံရှေ့ မှာထိုင်ပြီး မပွင့်ချင်သေးတဲ့ မျက်လုံးနဲ့ ငုတ်တုတ်ငိုက်နေတဲ့ ဂွန်းဂွန်း

ဒါတောင် ဂိုဂို လာနှိုးသွားလို့ မျက်နှာသစ်ပြီး မှန်တင်ခုံရှေ့ရောက်နေခြင်း

ဖြန်း...

" အား! နာတယ်ဟ "

" နာမှာပေါ့ နာအောင်ရိုက်တာပဲ နာမှ နင်နိုးမှာလေ "

ဂွန်းဂွန်းက နာသွားသော ပခုံးကိုပွတ်ပြီး ဂိုဂို့ကို မကြည်ကြည့် ကြည့်လိုက်သည်

" နိုးပြီဟေ့ နိုးပြီ မို့လို့ ကြွတော့ ကိုယ့် အခန်းကိုယ် ငါက နင်တို့ကျောင်းလို မြို့ပြင်ထွက်ရတာမဟုတ်ဘူး "

" အေးသွားမယ် စေတနာနဲ့မတန်ဘူး "

ဂွန်းဂွန်းကိုပြောဆိုပြီး အခန်းထဲပြန်လာခဲ့သည်

အဝတ်ဗီရိုဖွင့်ပြီး အင်္ကျီရွေးနေတုန်းမှသတိရမိတာ

ဒီနေ့ တနင်္လာနေ့ မနက်ပိုင်းကစပြီး ညနေထိ အတန်းချိန်ပြည့်နေတဲ့နေ့

ထားပါ ကိစ္စတော့မရှိပါဘူး

ပြီးတော့ နောက်တစ်ခုသတိရတာက
ဆရာမရှာခိုင်းတဲ့ စာတွေလဲမရှာရသေး

ကြေကွဲဖွယ်ရာအတိနဲ့ပြည့်နေတဲ့ ကျောင်းတက်ရက်တွေပါလား

နောက်တစ်ခုထပ်စဉ်းစားမိတာက ဟိုမျက်နှာရူးကောင်

ဇွဲကောင်းခန့် ...

ကျောင်းလေးပိတ်လို့ အေးဆေးနားနေတာတောင် ph ဆက်လိုက် message ပို့လိုက်နဲ့

ပြောတော့လဲ အရေးတကြီးမဟုတ်

ဘယ်နနာရီထိုးပြီလဲ တဲ့

နောက်တော့ သူဗိုက်ဆာလို့ ပန်းသီးနဲ့ ကိတ်မုန့်ဘာစားရမလဲတဲ့

နောက်တစ်ခါဆက်တော့ ဘယ် TV channel ကိုကြည့်ရမလဲတဲ့

စိတ်ပေါက်ပေါက်နဲ့ အော်ထည့်လိုက်တော့မှ ph ထပ်မဆက်တော့တာ

ဒါတောင် messages ပို့နေသေး

ပို့တဲ့ messages ကလဲ အရေးတကြီး

ထမင်းစားပြီးပြီလားတဲ့

ဘာနဲ့စားလဲတဲ့

My chaos Where stories live. Discover now