Ep 10

1.5K 115 17
                                    

Computer သင်ဖို့ အခန်းထဲမှာ ဂိုဂိုတစ်ယောက်တည်း ငုတ်တုတ်ထိုင်နေသည်

မင်းနေလင်းနဲ့ တူတူလာပေမဲ့ ဘောင်ချာတွေရော ချလန်တွေရော ရှုပ်နေတာနဲ့ ကောင်တာက စာရေးမနဲ့ နှစ်ပါးသွားနေသည်

လိုက်လာတာ စာသင်ဖို့ပဲဆိုတော့ ကျန်တာအကုန်
မင်းနေလင်းခေါင်းပေါ်မှာ

ခပ်တည်တည်ပဲ အခန်းထဲ ထိုင်ချင်တဲ့ နေရာဝင်ဦးကာ ထိုင်နေလိုက်သည်

မင်းနေလင်းကတော့ တိုင်ပတ်နေတုန်း

သင်မဲ့ ဆရာလဲမလာသေးလို့ ဂိုဂိုပျင်းပျင်းနဲ့ ဝင်လာသမျှလူတွေကိုထိုင်ကြည့်နေလိုက်သည်

ကောင်မလေးချောချောလေးတွေအများကြီးပဲ

တစ်ချို့ကတော့ တစ်ယောက်တည်းထိုင်နေသလို တစ်ချို့ကတော့ အုပ်စုလိုက်နှစ်ယောက်သုံးယောက်လောက်ထိုင်စကားပြောနေကြသည်

အဲ့လိုထဲမှာမှာ အုပ်စုလိုက် ၅ ယောက်လောက်ရှိမယ်
ဝင်လာထဲကဆူညံလို့ အချင်းချင်းတွန်းထိုးစနောက်ပြီး ဝင်လာသည်

အေးအေးဆေးဆေးပဲစာသင်ချင်ပါတယ်ဆိုမှ

ဂိုဂိုတော့ စိတ်ထဲနေပဲ အဲ့အဖွဲ့ကို သာလိကာအဖွဲ့လို့နာမည်ပေးလိုက်သည်

မင်းနေလင်းကလဲပြန်မလာသေး

**************************************

" ဇွဲ "

" ဟင်...ဘာလဲ "

" သင်တန်းပြီးရင် ဘယ်သွားမှာလဲ "

" ကျော်ထက်တို့အိမ်သွားမယ်လေ Uno ဆော့ရအောင် နင်တို့ရောလိုက်မှာမလား "

" အမလေး မလိုက်ဘူး ကျော်ထက်အိမ်ဆို ဆော့ရတာနည်းနည်း သူ့ရဲ့ အနှစ်နှစ်အလလကမရှင်းပဲထားထားတဲ့ ဟာတွေကူရှင်းပေးနေရတာကများများ "

ဝတ်ရည်ကမဲ့ရွဲ့ပြီး လက်တစ်ခါခါနဲ့ပြောနေတော့ စုစံမျက်နှာပျက်သွားသည်

သူကလိုက်ချင်တာ

အဖွဲ့ထဲမှာမိန်းကလေးကနှစ်ယောက်ပဲရှိတာ ဝတ်ရည်မလိုက်ရင် သူသွားရဖို့လဲ လမ်းမမြင်

" ဟိုကောင်ခန့်မောင်ရော အခြေအနေလေးပြောပါဦး "

ဇွဲကောင်းခန့်က တစ်ချိန်လုံးနီးပါး game ဆော့နေသော ခန့်မောင်မောင် ကိုလှမ်းမေးလိုက်သည်

My chaos Where stories live. Discover now