Ep 6

1.6K 127 18
                                    

Background music

방탄소년단 - 보조개
BTS - illegal/dimple


အခုတလော မနက်မိုးလင်း လို့ ဘုရားခန်းတက်ပြီး Breakfast စားပြီးတာနဲ့ မြင်နေရတဲ့ မျက်နှာကတော့ မင်းနေလင်း

ထမင်းစားလာပြီးတဲ့နေ့ကစပြီး သူတစ်ယောက်တည်းအိမ်မှာ ပျင်းတယ်လို့ဆိုကာ နေ့တိုင်းလာတော့သည်

နေ့လည်စာ ညနေစာ စားပြီးသည် အထိမှ အိမ်ကပြန်သည် တစ်ခါတစ်လေ breakfast ပါအိမ်မှာစားသည်

အဲ့လိုလာတာတွေကြာနေတော့လဲ အချင်းချင်းရှိန်မနေတော့ဘဲ နားလည်မှုလေးရလာသည်

နေ့တိုင်းမိုးလင်းထဲက မြင်နေရတဲ့ သူဆိုတော့လဲ စကားမပြောလဲ မြင်နေကြဖြစ်သွားတော့ သိပ်မထူးဆန်းတော့

မင်းနေလင်းကလဲ အခုထိသူတို့ကိုစကားသိပ်မပြောသေး လူကြီးတွေရှိတော့ မေးထူးခေါ်ပြောလောက်ပဲပြောနေကြခြင်း

မင်းနေလင်း အိမ်လာလည်နေတာ ဒီနေ့နဲ့ဆို ငါးရက်မြောက်ပြီ အရင်ကဆို breakfast စားထဲကမြင်နေရတာဆိုတော့ ဒီနေ့မလာသေးတော့ ထူးဆန်းနေသလိုလို တစ်ခုခု လိုနေသလိုလို

သူလာရင် မသိသလိုလိုနေပြီး သူ့လိုက်ချောင်းရတာ အလုပ်တစ်လုပ်

အခုတော့ သူမလာလို့ ပျင်းပျင်းနဲ့ ခြံထဲကဒန်းပေါ်ထိုင်ပြီးစာဖတ်နေစဉ်

" မိုးထက်မြင့်မိုရ် "

နာမည်ခေါ်သံနဲ့အတူ အိကနဲဖြစ်သွားသော ဒန်းလေး

" ဟင် "

ဘေးနားမှာ ဝင်ထိုင်နေတဲ့ မင်းနေလင်း

" ငါ့ကိုလဲစကားမပြောဘူး ဒီအိမ်လာနေတာကြာနေပြီကို မင်းရော မေနှင်းမြင့်မိုရ်ရောပဲ ငါ့မှာကြီးမေကြီးနဲ့ပဲစကားပြောနေရတယ် အိမ်မှာတစ်ယောက်တည်းပျင်းလို့လာနေပါတယ်ဆိုမှ "

အသံသြရှရှနဲ့ မလိုက်ဖက်စွာ ပြောနေသည့်စကားတွေက ကလေးတစ်ယောက်က သူစိတ်ကောက်နေတဲ့အကြောင်းကို ဆူပုတ်ပုတ်နဲ့ပြောနေသလို

" မဟုတ်ပါဘူး ငါက မင်းတစ်မျိုးဖြစ်နေမှာဆိုးလို့ "

" မဖြစ်ဘူး ဘာလို့ဖြစ်ရမှာလဲ မဖြစ်တာမို့လို့ အခုကစပြီး သူငယ်ချင်းလုပ်လို့ရပြီလား "

My chaos Where stories live. Discover now