Ep 4

1.8K 138 37
                                    

ဂိုဂို့ရဲ့ ကြိုးပမ်းမှုတွေက မအောင်မြင်

ဆရာ့ကို အိမ်အပြန်တိုင်းလိုက်ပို့သော်လဲ တစ်ခါတစ်လေမှသာ မင်းနေလင်းကိုတွေ့ရသည်

တွေ့တိုင်းလဲ မြို့နယ် တရားရုံးဝန်းထဲမှာ ခွေးစုတ်ဖွားလေးနှစ်ကောင်နဲ့ကစားနေတာဖြစ်ဖြစ်
အုတ်ခုံပေါ်ထိုင်ပြီး phone ကြည့်နေတာဖြစ်ဖြစ်လုပ်နေတတ်သည်

သူကသာအဲ့နားက ဖြတ်ရင်မင်းနေလင်းကို လိုက်ကြည့်တတ်သော်လဲ မင်းနေလင်းမှာ သူရှိတယ်တောင်မထင် သူ့ဘက်လှည့်၍ပင်မကြည့်

ဒါပေမဲ့ ဂိုဂိုပါ ကြိုးစားရမှာကိုယ့်အလုပ် ကျန်တာသူ့အပိုင်း

ကိုယ့်မှာတော်ရုံတန်ရုံအပြင်မထွက်တတ်သော်လဲ ဒင်းကလေးကြောင့် တစ်ပါတ်မှာ ၅ ရက်လောက် အပြင်ထွက်နေရသည်

လူက အိမ်အပြင်ထွက်ရင်ကို ရူးချင်သလိုလို မူးချင်သလိုလိုနဲ့

ဒီကြားနဲ့နွေရာသီဆိုတော့ နေပူသေး

ဂွန်းဂွန်းက နေရောင်တော့ကြောက်သည် အသားမည်းမှာအကြောက်ဆုံးဖြစ်သည်

ရေခဲမုန့်ရဲ့ ဆွဲဆောင်မှုကြောင့်သာ အပြင်ထွက်နေရပေမဲ့ အပြင်တစ်ခါထွက်ရင် ထီးရော အပေါ်ထပ် အင်္ကျီ လက်ရှည်အပါးလေးပါထက်ဝတ်တတ်သည်

နှစ်ယောက်စလုံးက ကရင်အဆက်တွေမို့အသားဖြူပေမဲ့ ဖြူပုံဖြူနည်းကမတူ

ဂိုဂို့အသားအရည်က ပန်းရောင်သန်းကာ ဖြူနေပြီး
ဂွန်းဂွန်းကျတော့ အဝါဖက်သန်းကာဖြူနေခြင်းဖြစ်သည်

အဲ့တော့ ဂွန်းဂွန်းက ဂိုဂိုနားကပ်တိုင်း ဂိုဂို့အသားအရည်ကို မျက်စောင်းထိုးနေကျဖြစ်သည်

ဂိုဂိုကတော့ ယောကျာ်းလေးဖြစ်ပြီး နုဖတ်နေတာကို သိပ်မကြိုက်

တစ်ခါတစ်လေတော့ စဉ်းစားမိတယ် ငါနဲ့ဂွန်းဂွန်းက မှားမွေးလာတာလား မသိဘူးဆိုပြီး

ဒီနေ့တော့ ဂွန်းဂွန်းကမလိုက် piano ဆရာပြန်တော့မယ်ဆိုတာနဲ့ Judo club ကိုပြေးရသည် ခါးပါတ်အရောင်ပြောင်းဖို့ စာမေးပွဲဖြေနေရသည့်ကာလမို့

My chaos حيث تعيش القصص. اكتشف الآن