နောက်ရက်တွေ ပုံမှန်အတိုင်းပဲ ကျောင်းတက်ရပြန်သည်
ဂွန်းဂွန်းက ဖေဖေနဲ့ မေမေကို အနိုင်ကျင့်ခံရတဲ့ အကြောင်း သွားတိုင်မယ်ထင်ထားသော်လဲ မတိုင်ပါ
ဘာဖြစ်လို့လဲလို့ မေးမိတော့ ဘာမှပြန်မပြော နဂါးမျက်စောင်းနဲ့လာကြည့်နေလို့သာ ကိုယ့်အမှားနဲ့ကိုယ်မို့ ငြိမ်နေလိုက်ရသည်
အမှန်အတိုင်းပြောရရင် ကျောင်းသွားရမှာကို ကြောက်နေမိပြန်သည်
ဂွန်းဂွန်းကိုပါ ထိခိုက်မလားလဲကြောက်နေသည်
မင်းနေလင်းဆိုတာက သူတို့မြို့ကလဲ မဟုတ် ရန်ကုန်ကမလား ဘာပဲဖြစ်ဖြစ်လည်လည်ဝယ်ဝယ်ရှိမှာပဲ
ကျောင်းရောက်တော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကဘာမှဖြစ်မလာဂွန်းဂွန်းကလဲ သူ့ကို မျက်စိအောက်ကပင် အပျောက်မခံတော့သလို မင်းနေလင်းကလဲ သူ့နေရာမှာသူထိုင်ကာ စာလုပ်နေသည်
တစ်ခါတစ်လေ နှစ်ယောက်သား အကြည့်တွေနဲ့ စစ်ဖြစ်နေကြလို့ သူပဲဝင်တားရပြန်သည်
ဘာမှန်းတော့မသိ မင်းနေလင်းနဲ့သူခင်ချင်သည်
ဂွန်းဂွန်းသာသိရင် အသက်နဲ့ကိုယ်အိုးစားကွဲသွားမည်ဟိုဟာမလေးက မိန်းကလေးသာဖြစ်တာ လက်ရဲဇက်ရဲနဲ့
ဂွန်းဂွန်းတင်မဟုတ် ဂိုဂိုကပါ နှစ်ယောက်လုံးကိုမျက်စိအောက်ကမပျောက်မခံနိုင်
တော်ကြာ ချိန်းပြီး ဖိုက်နေကြမှဖြင့်
အေးအေးဆေးဆေးသာနေချင်သည် ဖြစ်နိုင်ရင် အရင်ခေတ်တုန်းကလိုမျိုး ဂူထဲမှာ သစ်ပင်စိုက်ပြီးပဲနေချင်တော့သည်
ဘာမှမလုပ်ချင်
ပြဿနာတွေဖြစ်ပြီး ဂွန်းဂွန်းက အနာဂါတ်ရည်မှန်းချက်တွေချတော့သည်
Judo သင်တန်းကိုစာမေးပွဲပြီးရင် တက်မယ်လို့ကြေငြာ ခဲ့သည်
အိမ်ကလူကြီးတွေကတော့ ဘာလုပ်လုပ်အားပေးနေသည်မို့ သူကအဆင်ပြေသည်
မိန်းကလေးက နူးနူးညံညံနေပါလားဆိုတော့ ငါအဲ့လိုနေရင် နင့်ကို ဘယ်သူကာကွယ်ပေးမှာလဲတဲ့
YOU ARE READING
My chaos
Teen Fiction" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုးထက်မြင့်မိုရ် " ဂိုဂို ဘာလုပ်လုပ် ငါကာကွယ်ပေးမယ် ဂိုဂို့ကိုနင်ထိခိုက်အောင်လုပ်ရင် ငါ့ရန်သူပဲ " မေနှင်းမြင့်မိုရ် " လှည့်စားတာတော့မဟုတ်ဘူး...