Ep 13

1.4K 103 38
                                    

ကန်တင်းမှာထိုင်နေကြရင်း စကားပြောနေကြခြင်း
ဂိုဂိုက နံနံပင်မစား

မုန့်ဟင်းခါးမှာနံနံပင်ပါလာတော့ ဇွဲကောင်းခန့်ကအရင်ယူကာသေချာတစ်ခုချင်းဆီဖယ်ပေးပြီးမှ ဂိုဂို့ရှေ့ချပေးသည်

အစပ်မစားနိုင်သောဂိုဂိုကြောင့် ဘေးနားမှာရေခွက်ကအဆင်သင့်

သူသောက်မလိုလိုဘာလိုလိုနဲ့ သူများတွေစကားပြောတုန်း ရေခွက်ကို ဂိုဂို့ဘေးနားချထားတာ

နေ့လည်ပိုင်းမလို့ ရာသီဥတုကပူတော့ ဆိုင်က ယပ်တောင်တောင်းပြီး ဘေးကခပ်ပေးနေရတာနဲ့

ယပ်ခပ်ပေးတာတောင်ခပ်ချေချေ သူ့ကိုယ်သူခပ်သလိုနဲ့ လေတွေကဂိုဂို့ဆီမှာ

ဂိုဂိုက စားသောက်ပြီးဇွန်းချရုံရှိသေး ဇွဲကောင်းခန့်က တစ်ရှူးဘူးယူကာ သူကနည်းနည်းဟန်ပြ လက်သုတ်လိုက်သေး ပြီးမှ တစ်ရှူးဘူးကို ဂိုဂို့နားချပေးလိုက်တာ

ဒီလိုအပြုအမူတွေကို ဘယ်သူမှသတိမထားမိ

အင်း...

ဂွန်းဂွန်းကလွဲလို့ပေါ့

အကုန်လုံးစကားပြောနေကြပေမဲ့ ဂွန်းဂွန်းစိတ်က ဇွဲကောင်းခန့်ဆီမှာ

မသိမသာလေး ဟိုကြည့်ဒီကြည့်နဲ့ ဇွဲကောင်းခန့်ကို ရှိုးနေတာ စထိုင်ကတည်းက

စကားလဲဝင်ပြောသေးတယ် မှာထားတဲ့စားစရာတွေလဲစားသေးတယ် ဇွဲကောင်းခန့်ကိုလဲ ကြည့်ရသေးတယ်

ဒါပေမဲ့ ဂွန်းဂွန်းကြည့်နေတာကို ဘယ်သူမှသတိမထားမိ ဇွဲကောင်းခန့်တောင်မသိ

ဒီလောက်မှမတော်ရင်ဂွန်းဂွန်းမလုပ်တော့

ဇွဲကောင်းခန့် ...

နာမည်လေးကမဆိုးပါဘူး

ရုပ်လေးကလဲ အသားညိုသလို ဖြူသလိုလေး

ခပ်တိုတိုညှပ်ထားတဲ့ သူလိုငါလို ဆံပင်ပုံစံလေး
နဲ့တောင် ရုပ်ကထင်းနေတာ

အရပ်ကလဲ မှန်းစမ်း 185cm လောက်လား!

မဆိုးပါဘူး

ဂိုဂို့အရပ်နဲ့ဆို ပခုံးကျော်ကျော်လောက်ပေါ့

Height differences in couple are very cute ဆိုလား

My chaos Where stories live. Discover now