{၂၃}

1.8K 124 1
                                    

Zawgi....

ကားမှန်​တစ်ဖက်​က မြင်​​နေရတဲ့ အရာရာ
တိုင်းက အသစ်​အစမ်းကြီးပါပဲ၊လှပတဲ့သစ်
ပင်​​တွေရယ်​၊မိုးထိမတက်​မြင့်​မားလို့​နေကြ
သည့်​ တိုက်​အထပ်​​​တွေရယ်​​၊သိပ်​လှလွန်း
ကြသည်​။

"သခင်​​လေး....အပြင်​ကြည့်​အုန်းမယ်​ဆိုရင်
ကျွန်​​တော်​ air-conပိတ်​လိုက်​မယ်​​နော်​"

ဦး​လေးကြီး​ပြောသည့်​ air-conဆိုတာကြီး
လည်း​သေချာမသိတာမို့ ​ကြောင်​​တောင်
တောင်​နှင့်​သာ ​ခေါင်းညိမ့်​ပြလိုက်​ကာ
ကားမှန်​ထက်​က​နေ​ကျော်​၀င်​လာသည့်
လေ​အေး​အေးကို အားပါးတရရှူလိုက်​မိ
သည်​။

မေ​မေ့ကိုလည်း အခုလိုကားအ​ကောင်း
စားကြီးစီး​စေချင်​သည်​၊​မေ​မေ့ကိုလည်း
ပိုင်​​လေးနဲ့အတူ​​ပျော်​​စေချင်​သည်​။

မေ​မေ့အ​ကြောင်းစဉ်းစားမိ​တော့ ပါးပြင်
ထက်​ မျက်​ရည်​စက်​​လေးများကြဆင်းလို့
လာ​လေသည်​။

မေ​မေရယ်​ သားအရမ်းပင်​ပန်းတာပဲသိ
လား၊သားကို​ကျွေး​မွေးထားတဲ့ ဆယ်​အိမ်
ခေါင်းဦး​လေးကြီးကလည်း သူများ​တွေ
ရှေ့မှာ​ကောင်းပြ​ပေမဲ့ သူ့မိန်းမနဲ့ရှိချိန်​​တွေ
ဆို​စော​စောထပြီး အလုပ်​၀ိုင်းမလုပ်​​ပေးရင်
အရိုက်​ခံရ​သေးတယ်​၊သူတို့သားကလည်း
သားကိုနှိပ်​စက်​ကြ​သေးတယ်​၊သားအရမ်း
ပင်​ပန်းတာပဲ​မေ​မေရယ်​...။

"သခင်​​လေး....အိမ်​​ရောက်​ပါပြီ"

ကားတံခါးဖွင့်​​ပေးရင်းတရိုတ​သေ​ပြော
လို့​နေသည့်​ ဦး​လေးကြီးကိုတစ်​ချက်​၊အိမ်
ဟု​ပြော​သော ခပ်​ကြီးကြီးအရာကြီးကိုတစ်
ချက်​ကြည့်​ရင်း ပိုင်​စံလင်းအံ့သြ​နေမိသည်​။

မေ​မေ ၀ယ်​လာတက်​သည့်​ဗလာစာအုပ်
မျက်​နှာဖုံးကအိမ်​ပုံကြီးလိုကြီးမားလှပလွန်း
သည်​၊ထိုပုံ​လေးကိုကြည့်​ရင်း'​မေ​မေ​လေ
ဒီလိုအိမ်​ကြီးထဲမှာ ​နေချင်​လိုက်​တာ သား
လေးကြီးလာရင်​ ​မေ​မေကိုဝယ်​​ပေးမလား´
ပြုံးပြုံး​လေး​မေးတက်​သည့်​ ​မေ​မေ့ကို မျက်
လုံးများပိတ်​မတက်​ရယ်​​မောရင်​ အဆက်
မပြတ်​ သူ​ခေါင်းညိမ့်​ပြခဲ့ဘူးသည်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now