Part 29

1.8K 102 4
                                    

"မင်းသားက ကျွန်တော့်ကိုချစ်တာ ဘယ်လိုသက်သေပြမှာလဲ။"

"ဒီလက်ကောက်လေးနဲ့။"

အနီရောင် ကြိုးမျှင်လေးများနဲ့ပြုလုပ်ထားသော လက်ကောက်လေးကို ကိုင်ကာ နေရောင်အောက်မှာ ပြုံးရယ်နေသည့် ကောင်လေးတစ်ယောက်...

ရှည်လျားနေသော ဆံနွယ်တွေကို သိမ်းဆည်းလို့ချည်နှောင်ထားပေမဲ့ အရှေ့ဘက်ခြမ်းမှာ ဘယ်ဘက်သို့ခွဲကာထားသည့် ဆံနွယ်များမှာမူ လေပြေလေးတို့ ဝှေ့လိုက်တိုင်း ပျံဝဲနေဆဲ။

"ဒီလက်ကောက်လေးရှိနေသ၍ မင်းအပေါ်ထားတဲ့ ငါ့ရဲ့အချစ်တွေကပျောက်ကွယ်မှာမဟုတ်ဘူး။"

အိမ်ရှေ့မင်းသားလေးပြောလိုက်သော စကားများကို ထိုကောင်လေးကတော့ကြားဟန်မတူ။

လက်ကောက်ပေါ်မှ အနီရောင် ဇာမဏီငှက်နှစ်ကောင်ပုံကို နေရောင်အောက်မှာ စူးစမ်းနေဆဲ။

"ကျွန်တော်တို့က ဒီငှက်လေးနှစ်ကောင်လို အမြဲတူတူရှိနေမှာလား။"

"အင်းပေါ့။"

"ကောင်းကင်ပေါ်က လေတိုက်လိုက်တိုင်း ကွဲသွားတဲ့ ငှက်နှစ်ကောင်လိုတော့ မဖြစ်လောက်ပါဘူးနော်။"

ထိုကောင်လေး လက်ညှိုးထိုးကာ ပြနေသည်ကား ကောင်းကင်ပေါ်ရှိ တိမ်စိုင်တွေရဲ့ ပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်နေသော အဖြူရောင် ငှက်ကလေးနှစ်ကောင်။

ထိုအခါမှ အိမ်ရှေ့စံထိုကောင်လေးရဲ့ ခေါင်းကို ဒေါင်ခနြဲမည်အောင်ခေါက်လိုက်ပြီးမှ....

"အဲ့လိုကွဲသွားရအောင် မင်းကငါ့ကိုထားသွားမှာမို့လို့လား။"

ခေါင်းခေါက်ခံလိုက်ရသော ထိုကောင်ကလေး တန်ပြန်မှုတောင် မလုပ်နိုင်ပဲ ခေါင်းကိုပါ ပြာပြာသလဲလဲ ရမ်းခါနေမိတယ်။

"အေး...အဲ့ဒါဆိုရပြီ။ ငါတို့တွေက ဘယ်တော့မှ ဒီတိမ်စိုင်တွေလိုမဖြစ်ဘူး။ မင်းငါ့ကို မထားခဲ့သ၍ပေါ့။ မဟုတ်သေးဘူး။ မင်းမထားသွားရဘူး။ ဒါဟာအမိန့်ပဲ။"

"ကျွန်တော်ထားခဲ့ရင်လည်း မင်းသားပြန်တတ်မှာမှ မဟုတ်တာ။ ဟားဟားဟား..."

Sweet Like Cotton CandyWhere stories live. Discover now