"ဟိန်း...စားလေ။"
"ရော့...ဟိန်းကြိုက်တဲ့ ကြက်ဥအနှစ်။ များများစား..."
ကြည့်နေတာကြည့်နေတာ ကြာနေပြီနော်...😒😒😒
သူများအိမ်ကို မနက်စောစောစီးစီး ရောက်ချလာတယ်...
ပြောစရာစကားရှိတယ်ဆိုပြီး သူများ cotton candy ကိုကြီးကို ခေါ်သွားတယ်...
အခုကျတော့ ဘာမျှမပြောပဲ အီစီကလီတွေလာလုပ်နေတယ် 😡😡😡
ငါ့နှယ် ဒေါတွေက တဖြည်းဖြည်း ပွလာပြီ 😠😠😠
လိုက်လာမိတာကိုပဲ မှန်တယ်ပြောရမလား...မှားတယ်ပြောရမလားမသိတော့ဘူး...
"ရတယ်။ မစားတော့ဘူး။ မင်းပဲစား။"
ကြက်ဥအနှစ်လေးတစ်ခုကို ဟိုရွှေ့ဒီရွှေ့လုပ်နေလိုက်ကြတာ ကြက်ဥတောင်ကျေတော့မယ် 😒
"ဟိန်းကလည်း...စားပါ။"
ကြည့်လို့ကမရတော့။ ဒေါသများကလည်း ထိန်းလို့မရတော့။ ဒီလိုအခြေအနေကို ဘယ်လိုမျှကြည့်လို့မရဘူး။
"ဟိန်း..."
ကျွန်တော် စားပွဲဝိုင်းကနေ ဒုန်းကလည်း ထရပ်လိုက်မိတယ်။
ဟိန်းဟိန်းဟိန်း...တဟိန်းဟိန်းဟိန်းနဲ့ ဟိန်းတစ်ဟိန်းတည်းဟိန်းနေတာ 😡
ကျွန်တော် cotton candy ကိုကြီးကို တစ်ချက်ကြည့်လိုက်တယ်။
မျက်နှာကိုမလှည့် မျက်လုံးအတွင်းမှ မျက်ဆံမည်းလေးကို ရွှေ့၍ကြည့်လိုက်ခြင်းသာ...
အကြောင်းပြချက်မရှိ cotton candy ကိုကြီးဆီကို ကျွန်တော့်ရဲ့ ဒေါသတွေကို ပုံအောပြီးပေးနေမိတယ်။
လက်စားချေလိုစိတ်ကအပြည့်...
ဟက်ဟက်...
ရှိုင်းယံတို့ ပန်းခြံဆီသွားမယ်။
စော်လေးတစ်ပွေရှာလာမယ်။ ဒါပဲ 😤😤😤Cotton candy ကိုကြီး ဒေါသတွေအလိမ်းလိမ်းထွက်လေကောင်းလေ...
ဟွန့်...
ကျွန်တော် J ဝင်တာမဟုတ်ဘူးနော်။ သူ့ကို J ဝင်အောင်လုပ်နေတာ 😎😎😎အိမ်ရောက်တာနဲ့ ကျွန်တော်နေရာအနှံ့လိုက်ရှာမိတာက ကြောင်ဖြူကို...
YOU ARE READING
Sweet Like Cotton Candy
Romanceအချစ်ဆိုတာ cotton candy လိုပါပဲ။ ချိုမြိန်တယ်...အရသာရှိတယ်။ တစ်ယောက်ထဲစားရင် ကောင်းတော့ကောင်းပေမဲ့ အဲ့ဒီ ချိုမြိန်တဲ့ အရသာကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူဝေမျှတဲ့အခါမှာတော့ ချိုမြန်မှုဟာ ပိုနက်ရှိုင်းသွားပြီး လောကကြီးတစ်ခုလုံးဟာ ကောင်းကင်ဘုံလိုပဲဖြစ်သွား...