Part 9

4.3K 294 3
                                    

"ငါတောင်းပန်ပါတယ်။ နင်အနားမှာဆက်မနေနိုင်တော့ဘူး။"
ဆိုတဲ့စကားတစ်ခွန်းနဲ့ ကျွန်တော့်ရဲ့အသည်းနှလုံးကို နင်းခြေသွားခဲ့သူ။

ဖြတ်သန်းခဲ့ရတဲ့အချိန်တွေကိုမှ ထောက်ကာမထား တခြားယောကျာ်းတစ်ယောက်ရဲ့ လက်မောင်းကိုချိတ်ပြီး ကျွန်တော့်ရှေ့ ဖြတ်လျှောက်သွားခဲ့သူ။

သူမ ဘာကြောင့် ကျွန်တော့်ဆိုင်ကို ထပ်လာခဲ့ရတာလဲ။

သူမရဲ့တော်လှချည်ရဲ့ဆိုတဲ့ ဟိုရွှန်းရွှန်းတောက် သူဌေးသားလေးကရော မပါလာဘူးလား။

သူမကိုကျွန်တော် တစ်ချိန်က အသက်ထက်ပို၍ချစ်ခဲ့ဖူးသည်။ တစ်ချိန်က အရိုးထဲထိစွဲအောင် မုန်းခဲ့ဖူးသည်။

တစ်ချိန်ကသူမဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့သလို တစ်ချိန်က သူမဟာ ကျွန်တော့်အတွက် ဒါဏ်ရာပေါ်ဆားဖြူးပေးသူဖြစ်ခဲ့သည်။

အခုတော့ သူမဟာ ကျွန်တော့်အတွက် ဆေးခါးတစ်ခွက်။

သူမကိုမြင်ရင် ခါးသီးလှသော အတိတ်က ကျွန်တော့်ဦးနှောက်ကို တူးဆွနေပေမဲ့ သူမကျေးဇူးကြောင့် ကျွန်တော် ရှိုင်းရှိုင်းကို တွေ့ခဲ့ခြင်းသာ...ဒါကြောင့် သူမဟာ ခါးပေမဲ့ အာနိသင်ရှိလှတဲ့ ဆေး...

"မင်းဘာလာလုပ်တာလဲ။"

"ဟိန်းကိုတွေ့ချင်လို့ပေါ့။"

ငါတို့နောက်တစ်ခါမတွေ့ကြရင်ကောင်းမယ်ဆိုတဲ့ တံတိုင်းကြီးနဲ့ ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သူကြီးက အခုတော့ တွေ့ချင်လို့တဲ့လား။

ဟက်ဟက်...ကျွန်တော်တစ်ချက်ပြုံးလိုက်မိသည်မှာ အမှန်ပင်။

"ယု ဟိန်းကိုထားသွားပြီးတဲ့နောက်မှသိလိုက်ရတာ။ ဟိန်းကလွဲပီး ဘယ်ယောကျာ်းလေးမှ ယုကို ဟိန်းလောက်မချစ်နိုင်ဘူးဆိုတာ။ ယုတို့ အစကနေ ပြန်စကြမယ်လေ။"

ယုယခင်...မင်းဟာ အရင်အတိုင်းပါပဲလား။ တစ်ဖက်သားဖက်ကိုမစဉ်းစားပဲ ကိုယ်လိုချင်တာကိုပဲ ဦးစားပေးတတ်တဲ့ တစ်ကိုယ်ကောင်းဆန်လှသော မိန်းကလေး...

Sweet Like Cotton CandyWhere stories live. Discover now