Part 17

3.7K 213 10
                                    

ကျွန်တော် သူ့ကိုမုန်းတယ်။

ကျွန်တော့်ကို သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားဟာ မုသားတစ်ခွန်းထက်မပို...

ကျွန်တော်ဘေးမှာ သူရှိနေခဲ့ပေမဲ့ သူ့ရဲ့အချစ်တွေဟာ အခြားသူတစ်ယောက်ဖို့ဖြစ်နေခဲ့တယ်ဆိုတဲ့အဖြစ်မှန်...

ဒီအမှန်တရားတွေကို ကျွန်တော်လက်မခံနိုင်ခဲ့ဘူး။

နန်းတော်ကြီးတစ်ခုလုံးမှာ ပြန့်လွင့်နေတဲ့ ဒီကောလဟတွေကသာ မုသားများဖြစ်စေလို့ ကြိမ်ဖန်များစွာ ကျွန်တော် ဆုတောင်းခဲ့ပေမဲ့...

ကျွန်တော်မြင်ခဲ့ရတဲ့ အရာတစ်ခုက ဝေဝါးစွာပေါ်နေတဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ရောင်ခြည်တန်းလေးလာရာအပေါက်ကို ပိတ်ဆို့လိုက်သလိုပင်...

မင်းဟာဘယ်သူလဲ။

ငါမင်းကိုဘာကြောင့်အဲ့လောက်တောင် အရူးအမူး စွဲလန်းနေရတာလဲ။

တစ်ခါမျှမမြင်ဖူးတဲ့သူအပေါ် ဘာကြောင့်အဲ့လောက်တောင် ခံစားနေရတာလဲ။

ဒါအိပ်မက်တစ်ခုဆိုတာ ကျွန်တော်သိပါတယ်။

အဲ့တာကြောင့် ကျွန်တော့်ကို နိုးထခွင့်ပေးပါတော့။

ကျွန်တော်ဒီနေရာကြီးမှာ မနေချင်ဘူး။ ကျွန်တော်သူ့ကို နောက်တစ်ကြိမ် မနာကျင်စေချင်တော့ဘူး။

သူ့ကို နာကျင်လှတဲ့ စကားလုံးတွေနဲ့ ကိုင်ပေါက်ပြီး သူ့ရဲ့ အသက်ကို နောက်တစ်ကြိမ်ထပ်မနှုတ်ယူချင်တော့ဘူး၊

ဒါပေမဲ့လည်း ကျွန်တော်တောင်းဆိုခဲ့တဲ့ ဆုတောင်းဟာမပြည့်ဝခဲ့။

ဒီနာကျင်မှုကို မခံစားရမချင်း ကျွန်တော့်က ထိုအိပ်မက်ဆိုးဆီက နိုးထခွင့်မပေး။

"မင်းဆိုတဲ့ လူသားဟာ ငါ့ရဲ့အပိုင်ပဲဖြစ်ရမယ်။ ငါမပိုင်ခဲ့ဘူးဆိုရင်တောင် မင်းဟာ အခြားသူရဲ့အပိုင်မဟုတ်စေရဘူး။"

သူ့ဖက်က တုံ့ပြန်ချိန်တောင် မရသေးခင် သူ့ရဲ့ဝမ်းဗိုက်ကို ဓားရှည်နဲ့ ထိုးစိုက်လိုက်တဲ့ကျွန်တော်...

ကျွန်တော့်ကို အပြစ်ကင်းစင်တဲ့မျက်လုံးလေးတွေနဲ့ စိုက်ကြည့်နေခဲ့တဲ့သူ...

Sweet Like Cotton CandyWhere stories live. Discover now