Part 7

5K 348 1
                                    

ကျွန်တော် cotton candy ကိုကြီးဘေးသို့သွားလိုက်ပြီး ခြေဖျားလေးကိုထောက်၊ သူ့နားရွက်နားကပ်ပြီး ပြောလိုက်တာကတော့...

"အဲ့တစ်ယောက်"

နည်းနည်းလေးများ ကုန်းပေးမယ်မရှိ။

သူ့ကလန်ကလားအရပ်ကြီးနဲ့ လူကိုလာနှိမ်နေသလိုလို 😒😒😒

သူများတွေနဲ့ဆို မားမားမတ်မတ်ဖြစ်နေတဲ့ကျွန်တော် သူနဲ့ကျမှ သူ့ခစားနေရသလို 😒😒😒

ကျွန်တော်လည်းပြောပြီးရော ကျွန်တော့်ကို ထူးဆန်းခြင်းပေါင်း သောင်းခြောက်ထောင်နဲ့ဖြည့်ထားတဲ့ သူ့မျက်လုံးများနဲ့ စိုက်ကြည့်နေလေရဲ့။

ဒုတ်ဒုတ်...ဒုတ်ဒုတ်...ဒုတ်ဒုတ်

ဒီလူကြီးတော့နော်...

ကျွန်တော့်ရဲ့နှလုံးသားကို ရင်ဘတ်ထဲက အပြီးအပိုင်
ဆွဲထုတ်တော့မလို့လား 😖😖😖

တော်ပြီ...တော်ပြီ...

ငါဒါမျိုးတွေစဉ်းစားရမယ့်အချိန်မဟုတ်ဘူး။

ပွဲကြီးပွဲကောင်းကြည့်ရမယ်။

ဒီတစ်ခါရော ဂျပန်နည်းလေးနဲ့ ခွန်းရှီးကို ဆုံးမမှာ မြင်ယောင်နေသေး 😂😂😂

ဆိုင်ခန်းရဲ့အလယ်မှာ ရပ်နေသော ဥာဏ်သခင်မေ...

ဆိုင်ရဲ့ အပြင်အဆင်ကို အံ့သြမင်သက်စွာနဲ့ ငေးကြည့်နေလေရဲ့...

ဒီလိုပြဲဖစ်ရမယ်လေ။

ရှိုင်းယံဆိုတာ တစ်ယံပဲရှိတာ

ရှိုင်းယံတို့လုပ်လိုက်ရင် အားလုံးအံ့သြသွားစေရမယ်

စာပရိုက်စစ်!!!

ဟွင်းဟွင်းဟွင်း😎😎😎

ဒါနဲ့...တစ်ခုခုတော့ လွဲနေသလို 😶😶😶

ပူဖောင်းတွေက မနေ့ကထက် မြင့်နေပါလား 😶😶😶

မနေ့ကငါ ရင်တွေအခုန်လွန်ပြီးအမှတ်မှားတာပဲနေမှာပါလေ။

ပူဖောင်းတွေက မိုးပျံပူဖောင်းတွေမဟုတ်တော့ ပြန်တက်သွားစရာ အကြောင်းတော့မရှိဘူး။

ဒန်တန့်တန်...

စပြီစပြီ။

ခွန်းရှီးတစ်ယောက် ချောကလက်နဲ့ အလှဆင်ကာ အသည်းပုံစံလုပ်ထားတဲ့ cotton candy လေးကိုကိုင်ပြီး ဥာဏ်ရှိရာကို တုန်တုန်တုန်တုန်နဲ့ လျှောက်သွားလေတယ်။

Sweet Like Cotton CandyWhere stories live. Discover now