Part 3

8.3K 458 4
                                    

နေမင်းဆီက ရောင်ခြည်ဖြာက ကျွန်တော့်မျက်နှာပေါ်မှာ ယှက်သန်းပြီး ကျွန်တော့်ကို နိုးထစေခဲ့တယ်။

ဒီနေ့ရော ice coffee ကို တွေ့နိုင်ပါ့မလားဆိုတဲ့ အတွေးနဲ့အတူ ကျွန်တော် ဒိုင်ယာရီစာအုပ်လေးကို လှမ်းယူခဲ့လိုက်တယ်။

စာအုပ်ကို လှန်လိုက်တော့ ပထမဆုံး စာမျက်နှာပေါ်မှာ ရေးသားထားတာက

"အချစ်ရဲ့ satan ကို နှိမ်နှင်းရမယ်"

ကျွန်တော် အဲ့ဒီစာသားလေးကို ဖွဖွလေးရွတ်ဆိုလိုက်မိတယ်။

ဒါဟာ ကျွန်တော်မွေးဖွားလာရတဲ့ အကြောင်းအရင်း...

မှော်ဆရာဖြစ်တဲ့ ကျွန်တော့်အဖေဆီကို ကျွန်တော့်အား ဘုရားသခင်က စေလွှတ်လိုက်တဲ့ အကြောင်းအရင်း...

လောကကြီးကို အချစ်တွေနဲ့ ဆေးရောင်ခြယ်ပြီး အချစ်ရဲ့ satan ကို နှိမ်နှင်းဖို့...

အချစ်ရဲ့ satan ဆိုတာ ဘယ်တော့များ မွေးဖွားလာမလဲ...

ဒါမှမဟုတ်...မွေးဖွားလာပြီလား...

သူ့ကိုနှိမ်နှင်းရမယ့် 2019 ခုနှစ်ရဲ့ ပထမဆုံးနေ့မတိုင်မီ သူ့ကိုတွေ့ရမှာလား။

************************************

"ထတော့!!!!!!!!!!
မင်း alarm က ဒီတစ်ခါနဲ့ဆို အော်နေတာ ဆယ်ခေါက်လောက်ရှိနေပြီ။
မင်းကလွဲပီး အဖေရော အမေရော နိုးတယ်။
ထ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"

ကျွန်တော့်ဘဝအတွက် 20000 Hz လောက်ရှိတဲ့ alarm သံ

ကျွန်တော့်ကို နိုးထအောင်လုပ်နိုင်တဲ့ တစ်ခုတည်းသော alarm...

ကျွန်တော့်ရဲ့ ခြေနှစ်ချောင်းကိုဆွဲပြီး ကျွန်တော့်အား
ကုတင်အောက်ကို ပစ်ချလိုက်သော လက်တစ်စုံ

ဒွိဟဖြစ်စရာကိုမရှိ။

ဒီအိမ်မှာ ကျွန်တော့်ကို ကုတင်ပေါ်က ပစ်ချနိုင်တာဆိုလို့ အဖေက လွဲပီးမရှိ။

ဘုရားရေ...

မနိုးမချင်းနှိုးမဲ့သဘောမှာရှိတယ်။

လော်စပီကာမာမီနဲ့ လူသန်ကြီး ဒယ်ဒီ...

မတတ်နိုင်တဲ့အဆုံးကျွန်တော် ကောက်ကာငင်ကာ ထလိုက်ရတော့တယ် 😑😑😑

Sweet Like Cotton CandyWhere stories live. Discover now