Part 2

11.5K 631 9
                                    

ဟင်...

ဘာလား...

ဘာအချိုးချိုးလိုက်တာတုန်း...

ကျွန်တော်မျက်စိက သူ့ရဲ့သော့ခလောက်ပေါ်ကို ရောက်သွားတာနဲ့တစ်ပြိုင်နက် လေဟုန်လိုမြန်တဲ့အလျင်နဲ့ ကာလိုက်တာကတော့ သူ့ရဲ့ သွယ်လျားသောလက်ချောင်းများ...

ပြီးတော့...

သူ့ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်တော့်ကို မော့ကြည့်လိုက်ပြီး ပါးလေးနှစ်ဖက်ကို ဖောင်းထားကာ ခေါင်းလေးကို နှစ်ချက်လောက်ခါလိုက်တယ်။

မကြည့်နဲ့ဆိုတဲ့သဘော...

အူတွေ အသည်းတွေယားလိုက်တာဗျာ...

အဲ့ဒီပါးလေးတွေကို ဖြစ်ညှစ်ပစ်ချင်လို့...

ဒါပေမဲ့လည်း ice coffee လေးက မကြည့်နဲ့ဆိုတော့ ဟိုဖက်ကို လှည့်နေရတာပေါ့...

မကြည့်ခိုင်းလည်းနေပေါ့။
ညကျရင် ဒီဆုတောင်းတွေကို ဖြည့်ပေးဖို့ ငါပဲ ဖတ်ရမှာပဲဟာ 😎😎😎
ဟွင်းဟွင်းဟွင်း😈😈😈

************************************

ငါခုနက ဘာလို့ကာလိုက်တာလဲ။

သူကသိမှာမို့လို့လား။

သိတော့ရော ဘာဖြစ်မှာမို့လို့လဲ...

နံရံပေါ်မှာချိတ်ထားတဲ့ ပန်းရောင်သော့ခလောက်လေးပေါ်က အနက်ရောင်နဲ့ ထွင်းခြယ်ထားတဲ့ စာသားလေးကို ဖတ်ရင်းကျွန်တော် စဉ်းစားနေမိတယ်။

ကျွန်တော်ချစ်တာသူသိပါစေ...

စိတ်ကူးနဲ့လက်တွေ့တို့က ထပ်တူမကျနိုင်ပါလား။ 😪😪😪

ရေးထားတာက သူသိပါစေ။

်အခုတော့ သူမသိအောင်လက်နဲ့ကို အကျအနအုပ်ထားသေး။

တယ်လဲရူးတဲ့ငါပါလား...😑😑😑

ကျွန်တော်အတွေးများကိုသာ သိမ်းပိုက်ကာ ဆိုင်ရှေ့သို့ထွက်လာခဲ့တယ်။

စိတ်ကူးထဲမှာတော့ cotton candy ကိုကို ကို fly kiss လေးပေး bye bye လို့နှုတ်ဆတ်ရင်းပေါ့ 😪😪😪

"Cheer up baby...cheer up baby"

ဟဲ့ဟဲ့ဟဲ့...

ကိုင်မယ်...ကိုင်မယ်...ကို်င်ပါ့မယ်ဆို။

Sweet Like Cotton CandyWhere stories live. Discover now