EXTRA

2.4K 201 49
                                    

ယနေ့တွင် ကောင်းကင်ယံ၌ နေမင်းကြီးသည် တမြန်နေ့ကထက် ပို၍ထွန်းလင်းတောက်ပနေသည်။ နေမင်း၏စူးရှသောနေရောင်အောက်တွင် ကျောင်းသူကျောင်းသားတို့သည် လိုက်ဖက်စစွာ တောက်ပလျက်ရှိသည်။ ဤသည်ကား နိုင်ငံတော်ကိုအကျိုးပြုသော နိုင်ငံသားများ၏ အသက်ကို တာဝန်ယူပေးရသော ဆရာဝန်ကောင်းများ မွေးထုတ်ရာ ကျောင်းတော်ကြီး............

*** ဆေးကျောင်းတစ်ခုလုံးသည် နှစ်လခန့်တိတ်ဆိတ်နေခဲ့ရာမှ ကျောင်းသားများနှင့် ပြန်အသက်ဝင်လာခဲ့သည်။ အမဲရောင်ဝတ်ရုံဖားဖားများနှင့် ကျောင်းသားကျောင်းသူများသည် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။ နှစ်ပေါင်းများစွာ အချိန်တွေ၊ ငွေတွေရင်းနှီးခဲ့ပြီးနောက် အောင်မြင်မှု၏ အသီးအပွင့်တို့ကို ခံစားရတော့မည့် အချိန်ဖြစ်သည်။

ဘွဲ့နှင်းသဘင်ကျင်းပမည့်နေ့ ဖြစ်သည်။ ကျောင်းတစ်ခုလုံးတွင် ကျောင်းသားကျောင်းသူများ အပြည့်ဖြစ်သလို ကျောင်းသားမိဘများ မိတ်ဆွေအပေါင်းအသင်း အစ်ကိုအစ်မများပါ ရောက်နေကြသည်။

အမှတ်တရဓာတ်ပုံများ ရိုက်နေကြသော ကျောင်းသူများကိုလည်း ဟိုတစ်စု ဒီတစ်စုတွေ့ရသည်။ ကျောင်းသားများအုပ်စုကတော့ ကွဲကွာနေကြသော သူငယ်ချင်းများ အချင်းချင်း စကားပြောဆို စနောက်နေကြသည်။

ကိုယ့်အုပ်စုနှင့်ကိုယ် အလုပ်ရှုပ်နေသော လူအုပ်ကြီးထဲတွင် အူကြောင်ကြောင်ဖြင့် ရပ်နေသော ကျောင်းသားနှစ်ယောက်လည်း ရှိသေးသည်။ နှစ်ယောက်တည်းဖြစ်နေရခြင်းမှာ မိသားစုမရှိ၍တော့ မဟုတ်။ မိသားစုနှင့် ဓာတ်ပုံရိုက်ပြီးနောက် အလွန့်အလွန်အလုပ်ရှုပ်နေသော ချစ်ရသူများကို စောင့်မျှော်နေခြင်း ဖြစ်သည်။

'' Chanyeol... မင်း Hyung က ခုထိမလာသေးဘူးလား... ''

Sehun က လိပ်ပြီးသား ဘွဲ့လက်မှတ်ကို ထပ်လိပ်ရင်း မေးလိုက်သည်။

'' Kai hyung ကျတော့ လာသေးတာကျနေတာပဲ ''

Chanyeol က လက်ထဲမှ ဘွဲ့လက်မှတ်လိပ်ဖြင့် Sehun ခေါင်းကို လှမ်းခေါက်လိုက်သော်လည်း ဦးထုပ်ခံနေ၍ ခေါင်းကိုမထိပဲ ဦးထုပ်ကိုသာ သွားထိသည်။

Hunnie's Idol Hyung and Nini's fanboy(My Idol is My Life)Where stories live. Discover now