LoVe

1.9K 178 20
                                    

တာဝန်ရှိတဲ့သူတွေ ရဲတွေနဲ့ Tao hyung ကတော့ Jung In နဲ့ အတူလိုက်သွားသည်။

Chanyeol က ဆေးရုံကားမရောက်ခင် လိုအပ်တာတွေ လုပ်ပေးထားသည်။

ကျွန်တော့်ဘဝမှာ သူမရှိလို့မဖြစ်ဘူးဆိုတာ သူသတိမေ့နေတဲ့အချိန်မှာ သေချာသွားခဲ့တယ်…

ဆေးရုံရောက်သောအခါ Lay hyung ကိုယ်တိုင် ကုသပေးသည်။

အသက်အန္တရာယ်မရှိတော့ဘူးဆိုပေမယ့် သတိတော့မရသေး။
လူနာဝတ်စုံဖြင့် Hun သည် VIP အခန်းတစ်ခုတွင် ငြိမ်သက်စွာလှဲလျောင်းလျက်ရှိသည်။

Kai က Sehun ကို ကြည့်နေရာမှ ထလာပြီး
''ကျွန်တော် Hun ကို စောင့်နေပေးမယ်… Hyung တို့ ပြန်နားလိုက်ဦးလေ…''

''အကုန်တော့မဖြစ်ဘူး… Jong. အပြင်မှာ သတင်းထောက်တွေရောက်နေတယ်…နှစ်ယောက်တည်းကျန်ခဲ့လို့ မကောင်းဘူး…
မင်းနဲ့အတူ ငါနေခဲ့မယ်… ကျန်တဲ့သူတွေပြန်လိုက်…''

အားလုံးလည်း Suho စကားအတိုင်းပင် ပြန်သူကပြန် ကျန်သူကကျန်ခဲ့သည်။
ခဏကြာတော့ Sehun သတိရလာသည်။

''Hun… သတိရလာပြီလား… Hyung Hun သတိရလာပြီ…''

Kai က ဝမ်းသာအားရပြောတော့ Suho လည်းး ချက်ချင်းပင် ပြေးးထွက်သွားတော့သည်။
''အင်း… အင်း… ငါ Xing ကိုခေါ်လိုက်မယ်…''

Yixing ရောက်လာပြီး စမ်းသပ်မှုတွေလုပ်ကာ ပြန်ထွက်သွားသည်။ ရိုးရိုးတော့မထွက်။ Suho hyung ကို ပါတစ်ခါတည်းခေါ်သွားသည်။

''Xing… ဟိုမှာ Jong တစ်ယောက်တည်း…''

''ထားလိုက်ပါကွာ… Sehun က ကိုက်မစားပါဘူး…လွတ်လွတ်လပ်လပ်နေပါစေ… ကိုယ်တို့လည်း လွတ်လွတ်လပ်လပ်နေရအောင်လေ''

နားနေခန်းဟု ဆိုင်းဘုတ်တပ်ထားသည့် တစ်ခုသောအခန်းထဲသို့ Yixing ဝင်သွားသောအခါ Suho လည်း ယောင်တောင်ပေါင်တောင်ဖြင့် လိုက်သွားလေသည်။

အခန်းထဲမှာ စားပွဲပေါ်မေးတင်ပြီးအိပ်နေတဲ့ Chanyeol ကို တွေ့ရသည်။
Yixing က ဂျူတီကုတ်ခြုံကာအိပ်နေတဲ့  Chanyeol ပခုံးကိုအသာအယာ ဖြန်းကနဲမြည်အောင်ရိုက်လိုက်ပြီး

''Park Chanyeol… သွား ဂျူနီယာ နားနေခန်းထဲသွားအိပ်…''

''Hyung… အဲ့ဆေးကျောင်းသားပေါက်စတွေက ဆူတယ်ဗျ… အိပ်လို့မရဘူး…''

Hunnie's Idol Hyung and Nini's fanboy(My Idol is My Life)Hikayelerin yaşadığı yer. Şimdi keşfedin