Final...

2.8K 199 62
                                    

(A/N : အရင်အပိုင်းတွေက စာလုံးရေ 800 ကျော်သာရှိပြီး Final က စာလုံးရေ 2500 ကျော်ပါတယ်…     😂 😂 😂   )    

                             ******

''ကဲ... ပစ္စည်းတွေစုံပြီလားဟေ့''

Kris က အဝတ်အစားအိတ်တွေကို လက်တစ်ဖက်ကဆွဲရင်း တစ်ဖက်က သားသားကိုချီရင်း မေးလိုက်သည်။

တစ်ဖက်တွင်တော့ Lover seat မှာထိုင်ရင်း ကားနောက်ခန်းက ပစ္စည်းတွေကို စစ်နေတဲ့ Tao...

'' ပြီးပြီ... ကိုကို။ လာ... သားသား Papa ဆီလာ... Daddy က ကားမောင်းရဦးမှာ...''

Tao က Kris လက်ထဲမှသားသားကို လွှဲယူကာ ပေါင်ပေါ်တင်ထားလိုက်သည်။

သားသားက မလိုက်ချင်လိုက်ချင်နဲ့ လက်ထဲပါလာသည်။

သားသားက သူ့ Daddy ကိုသိပ်ချစ်တာ...
ကိုကို့ကိုတွေ့တာနဲ့ အတင်းချီခိုင်းပြီး လက်ပေါ်ကကို မဆင်းတော့တာ...

အခုတောင် ကိုကိုကကားမောင်းရမှာမို့ ခေါ်တာတောင် မျက်နှာကစူပုပ်ပုပ်နဲ့ ...

ပါးဖောင်းဖောင်းလေးနဲ့နှုတ်ခမ်းဆူနေတဲ့ သားကိုကြည့်ရင်း အသည်းယားလာတာမို့ ပါးလေးကိုမွှေးကြူလိုက်မိတော့ ချစ်စရာကောင်းစွာ တခစ်ခစ်နဲ့ရယ်တော့သည်။

''Dorm ကိုအရင်သွားလိုက်မယ်... ကလေး ဟိုနှစ်ကောင်ကို ဝင်ခေါ်ရဦးမယ်...''

Tao ကတော့ သူ့ဘက်ကိုလှည့်တောင်မကြည့်လာ။
သားသားကိုချော့မြူရင်းသာ ခေါင်းညိမ့်ပြတော့ သားကိုတောင် မနာလိုဖြစ်လာသည်။

ရည်းစားဘဝတုန်းက ကိုကို ကိုကိုနဲ့ ပက်ချွဲနှက်ချွဲသိပ်လုပ်တတ်တဲ့ကောင်လေးက ခုတော့ကိုယ့်ကိုတောင် လှည့်မကြည့်တော့ဘူး... 😞

နေနှင့်ဦးပေါ့... ဟိုရောက်မှ... ဟွင်းး ဟွင်းး 😎

Dorm ရှေ့ရောက်တော့ ကားကိုရပ်လိုက်သည်။ အောက်မဆင်းတော့ဘဲ မှန်သာချပြီး လှမ်းအော်လိုက်သည်။

'' Kai, Baekhyun မပြီးသေးဘူးလား...''

'' ပြီးပြီဗျို့... ပြီးပြီ ''

အနီရောင်ကျောပိုးအိတ်လေးကို တစ်ဖက်သာလွယ်လာသော Baekhyun က အသံပြန်ပေးသည်။

Hunnie's Idol Hyung and Nini's fanboy(My Idol is My Life)Where stories live. Discover now