ချစ်တယ်... Hyung ~ (Real part)

2.8K 243 12
                                    

နောက်တစ်နေ့မနက်မှာ Kai နဲ့ fanboy လေးနဲ့ အကြည့်ချင်းဆုံနေတဲ့ ဓာတ်ပုံတွေ fansite မှာ နာမည်ကြီးနေလေရဲ့…

After 5 days…
ဒီနေ့က စာမေးပွဲရှိတာကြောင့် မနက်စာတောင်မစားနိုင်ဘဲ Sehun နဲ့ Chanyeol ကျောင်းကို ထွက်လာမိတယ်
ကျောင်းရှေ့ရောက်တော့ လူတွေအုံနေတာနဲ့
Sehun နဲ့ Chanyeol လည်း သွားကြည့်မိတော့………………………

Wow… အထဲမှာလူဝင်ကနေတဲ့ အညိုရောင်ဝက်ဝံရုပ်ကြီး နဲ့ အဖြူရောင်ပါပီအရုပ်ကြီး
အံမယ်… အဲ့အရုပ်ကြီးတွေက XO ရဲ့ Power ကိုကနေတာ ကျန်း… သူတို့လည်းခေတ်မီလာပြီထင်တယ်…

စာမေးပွဲဖြေဖို့ 30 min လောက်လိုသေးတာနဲ့ Sehun နဲ့ Chanyeol လည်း လူအုပ်ကြားထဲဝင်ကြည့်လိုက်တယ်… Kings တွေလာပြီဆိုတော့ လူအုပ်ကြီးလည်း ရေဖြန်းလိုက်တဲ့မီးဖိုလို ရှဲခနဲအသံတွေခဏတိတ်သွားတယ်…
ပြီးတော့ တီးတိုးစကားသံတွေထွက်လာတယ်…

Sehun နဲ့ Chanyeol ကိုလည်းမြင်ရော အရုပ်ကြီးတွေက ကတာကိုရပ်လိုက်ပြီး သူတို့ကားထဲက တစ်ခုခုကိုယူနေတယ်…

Sehun ကတော့ လက်ထဲကိုရောက်လာတဲ့ Bubble tea နဲ့ ဘာဂါကိုကြည့်လိုက်…
အရှေ့မှာရပ်နေတဲ့ ဝက်ဝံရုပ်ကြီးကိုကြည့်လိုက်နဲ့ ဘယ်သူဆိုတာ စဉ်းစားလို့မရဖြစ်နေတယ်…

Sehun အံ့သြနေတုန်း ဝုန်းကနဲအသံကြားလို့လှည့်ကြည့်လိုက်တော့ လမ်းမပေါ်မှာ မှောက်လျက်ကြီးလဲနေတဲ့ ပါပီရုပ်ကြီးနဲ့ အရုပ်ကြီးကိုဆွဲထူပေးနေတဲ့ Chanyeol…
ပါပီရုပ်ကြီးကလည်း Chanyeol ကို မုန့်တွေပေးးနေတယ်…

'Gomawoo Jinja Gomawoo ကျွန်တော်မနက်စာမစားရသေးဘူး ကောင်းကောင်းစားပါ့မယ်'

ဒီကောင်လေး စကားပြောတာက အစ
ချစ်ဖို့ကောင်းတာပဲ…

မသိစေချင်လို့ မျက်နှာဖုံးစွပ်လာတဲ့သူကို Sehun အတင်းမေးမနေတော့ပေ…
အဲ့ဒီအချိန်မှာ ကားအနက်ရောင်တစ်စင်းစိုက်လာပြီး အရုပ်ကြီးတွေလည်း ကားပေါ်တက်သွားတော့တယ်…
ကျောင်းသားတွေလည်း လူစုခွဲသွားကြတယ်…

'အား………'

Bubble teaစေ့လေးတွေကို တစ်လုံးမကျန်ပိုက်နဲ့လိုက်စုပ်နေတဲ့ ဘေးက ချစ်သူငယ်ချင်းကြီးက ထအော်တော့…
Chanyeol ပါပီရုပ်ကြီးအကြောင်းတွေးနေတာတောင် အရှိန်ပျက်သွားတယ်…

Hunnie's Idol Hyung and Nini's fanboy(My Idol is My Life)Where stories live. Discover now