On Stage with You ~ 1

3.2K 276 4
                                    

''Just love me right Ah ha''

အကလေ့ကျင့်နေရင်း ဖုန်းလာတာမို့ Kai တစ်ယောက်သီချင်းပိတ်ပြီး ဖုန်းကိုင်လိုက်တယ်
'Hello ဘယ်သူပါလဲ'

'ဟို Kai... Kai hyung လားဟင်'

'Sehun shi လား'

'Omo ကျွန်တော့်ကိုမှတ်မိတယ်ပေါ့ hyung က'

'ဒါပေါ့ ဖုန်းနံပါတ်တွေ့သွားပြီမလား'

'Nae. Hyung'

'Hun လို့ပဲခေါ်မယ်နော် ရတယ်မလား'

'Nae. ရတာပေါ့ Hyung ရဲ့ Hyung အခုအားလားဟင် ကျွန်တော်ဖုန်းဆက်လိုက်လို့ အနှောင့်အယှက်များဖြစ်သွားလား'

'အခု အကလေ့ကျင့်နေတာလေ အနှောင့်အယှက်မဖြစ်ပါဘူး Hun ရဲ့'

'ဒီအချိန်ကြီး အကလေ့ကျင့်နေတာ
ည၁၁နာရီတောင် ကျော်ပြီ Hyung ကျန်းမာရေးထိခိုက်မှာ စိုးလို့ပါ'

'ဘာလို့ စိုးရိမ်တာလဲ'

'ဗျာ... မသိ မသိဘူး Hyung အဲ့...အဲ့တာဆို ဒါပဲနော် အိပ်... အိပ်တော့နော် Hyung Good... Good night'
//ဘာလို့စိုးရိမ်လဲဆိုတော့ Hyung ကို ချစ်လို့ပေါ့ Hyung နေမကောင်းဖြစ်မှာကို ကျွန်တော်ဖျားးမှာထက်ပိုကြောက်လို့ပါ//

အဟက် ဒီကောင်လေးကတော့ နည်းနည်းလေးစလိုက်တာနဲ့ စကားတွေကထစ်နေပြီ တော်တော်ချစ်ဖို့ကောင်းတာပဲ
အယ် ငါဘာတွေတွေးနေမိပါလိမ့် တော်ပြီကွာ သီချင်းပိတ်ပြီး အိပ်တော့မယ်

အရင်ကဆို ည ၁၂ နာရီ ၁ နာရီထိ အကလေ့ကျင့်ခဲ့တဲ့ ကျွန်တော်အခု သူ့စကားတစ်ခွန်းကြောင့် ၁၁ နာရီမှာ အိပ်ရာဝင်ခဲ့တယ် ဘာလို့သူပြောတိုင်း လိုက်လုပ်ချင်နေမိလဲ မသိဘူး
မင်းက လွှမ်းမိုးနိုင်လွန်းတယ် Oh Kitty

••••••HIH & NFB••••••

ဒီလိုနဲ့ Hun နဲ့ကျွန်တော်သိတာ တစ်လကျော်ခဲ့ပြီ
သူကတော့ ခုချိန်ထိ ကျွန်တော့ရှေ့ရောက်ရင် စကားတွေထစ်တုန်း တွေ့တိုင်း sign တောင်းတုန်း
XOXO တစ်ဖွဲ့လုံးနဲ့လည်း သိနေပါပြီ ဒါပေမယ့် ကျွန်တော်တို့နဲ့ရင်းနှီးပါတယ်ဆိုတာကို ကျောင်းကသူငယ်ချင်းတွေကို မကြွားဘူး တူတူရိုက်ထားတဲ့ sefile တွေအများကြီးရှိပေမယ့် ig မှာတစ်ခါမှ မတင်ဘူး 'Hyung ကောလဟာလတွေထွက်မှာ စိုးလို့တဲ့'
အဲ့ဒါ ကျွန်တော်စိုးရိမ်ရမယ့်ကိစ္စလေ aww ဒါနဲ့ကျွန်တော့်ဖုန်းထဲမှာလည်း သူ့ကိုခိုးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ အများကြီးရှိတယ် သိလား...

Hunnie's Idol Hyung and Nini's fanboy(My Idol is My Life)Where stories live. Discover now