You Can, You Will

721 39 4
                                    

Zawgyi

သင်လုပ်နိုင်ပါတယ် သင်လုပ်ပါလိမ့်မယ်
Translate by
M.E.T(mm.eng.translate)

ဒီစာအုပ်လေးကလည်း တော်တော်လေးထူးခြားတဲ့ စာအုပ်လေးပါ။

မူရင်းစာရေးသူက Joel Osteenဖြစ်ပါတယ်။ သူကနာမည်ကြီးတဲ့ သင်အုပ်ဆရာတစ်ယောက်ဖြစ်သလို လူတွေအများကြီးရဲ့ စံပြလည်း ဖြစ်ပါတယ်။ ဒီစာအုပ်လေးက ဘဝမှာနေပျော်ဖို့ နည်းလမ်းတွေအများကြီးကိုလမ်းညွှန်ပေးထားပတယ်။

ဒီစာအုပ်လေးမှာ အခန်း(၈)ခု ပါပါတယ်။ တစ်ခန်းစီမှာလည်း ခေါင်းစဉ်တစ်ခုစီ ပါပါတယ်။

စာရေးသူက စာဖတ်သူတွေကို ယုံကြည်ဖို့... ကောင်းတာတွေကိုတွေးပြီး ကောင်းတာတွေကို မျှော်လင့်ဖို့ကို အဓိကပြောပြပေးထားပါတယ်။

ပြီးတော့ ဒီစာအုပ်လေးကိုဖတ်ရတာ အရမ်းကြီးဖိစီးမှုမဖြစ်ဘူးဗျ။ တချို့စာအုပ်တွေဆိုရင် မနားမနေကြိုးစားဖို့တို့... ကိုယ့်စိတ်ကိုယ်အတင်းကြီးပြောင်းလဲလိုက်ဖို့တို့.. အဲလိုဖိအားတွေပေးထားတာတွေရှိပါတယ်။

ဒါပေမယ့် တစ်ခါတလေမှာလည်း လိပ်ပြာတို့ပြောင်းလဲနိုင်ဖို့ ဖိအားတွေလိုအပ်ပါတယ်။

ဒါပေမယ့်ဒီစာအုပ်လေးက ဖတ်ရတာပေါ့ပေါ့ပါးပါးရှိပါတယ်။ စာအုပ်လေးမှာ ကိုယ့်ကိုယ်ကိုဖိအားမပေးဘဲ သက်တောင့်သက်သာလေးနေဖို့ ပြောပြထားပါတယ်။ ကိုယ့်ခံစားချက်ကို အလေးထားဖို့.. အောင်မြင်မှုထက်ပျော်ရွှင်မှုက ပိုအရေးကြီးတယ်ဆိုတာတို့ကို ပြောပြပေးထားပါတယ်။ပြီးတော့ ပတ်ဝန်းကျင်ကိုပဲအရမ်းဂရုမစိုက်ဖို့ ပြောပြပေးထားပါတယ်။

ဒီစာအုပ်လေးက သင်းအုပ်ဆရာရဲ့ ဖန်တီးမှုလေးဆိုတော့ ဘာသာရေးနည်းနည်းဆန်ပေမယ့်... ဥပမာ.. "သင်မဖြစ်နိုင်ဘူးထင်တာတွေကို ဘုရားသခင်က ရုတ်တရက်တစ်ခဏအတွင်းမှာ ကောင်းမြတ်မှု၊ ဩဇာအာဏာ၊ အဆက်အသွယ် စတာတွေကိုရောက်ရှိစေမှာပါ။" အဲလိုလေးတွေပါပေမယ့် ဘာသာမရွေးဖတ်လို့သင်တော်တဲ့စာအုပ်လေးပါလို့...

စိတ်ဖိစီးမှုကိုတော့ အတော်လေးသက်သာစေတဲ့စာအုပ်လေးပါ။

Book ReviewWhere stories live. Discover now