လက်ဆောင်(လက်ဆောင်)

513 35 6
                                    

By
ဆရာ မိုးရှင်း

ဒီစာအုပ်လေးကလည်း "သူစိတ်ဓာတ်ကျတိုင်း ဖတ်ဖို့" လိုမျိုး စိတ်ဓာတ်ခွန်အားပေး... ဘဝခွန်အားပေး စာအုပ်လေးပါပဲ။

ဒီစာအုပ်လေးကို "လက်ဆောင်" လို့နာမည်ပေးရတာကတော့ သူ့အတွက် အသုံးဝင်ခဲ့တဲ့ အဖိုးတန်နည်းလမ်းလးတွေကို စာဖတ်သူတွေဆီပြန်လည်မျှဝေခြင်းဖြစ်တာကြောင့်ပါတဲ့....😍😍

စာဖတ်သူတွေကို ပိုမိုပျော်ရွှင်တဲ့ ဘဝလေးပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး ရေးခဲ့တာပါတဲ့။ စာအုပ်လေးထဲမှာတော့ သူ့ဘဝမှာ ဖတ်ခဲ့မှတ်ခဲ့ဖူးသမျှ ဗဟုသုတတွေနဲ့ သူ့ရဲ့ ဘဝအတွေ့အကြုံတွေပါဝင်ပါတယ်တဲ့... ဒါတွေကိုတော့ အမှာစာမှာရေးသားထားပါတယ်နော်...😁😁

စာအုပ်လေးထဲမှာ ခေါင်းစဉ် အခု၂၀ပါဝင်ပါတယ်... စာရေးသူရဲ့ အတ္ထုပ္ပတ္တိနဲ့ နိဂုံးချုပ်အမှာစကားလေးကိုလည်း ဖတ်ဖြစ်အောင် ဖတ်လိုက်ကြပါအုံးနော်...😍😍

လိပ်ပြာရဲ့အမြင်ကိုပြောရမယ်ဆိုရင်ပေါ့နော်... ဒီစာအုပ်လေးက ပထမ စာအုပ်လေးနဲ့ ဆက်စပ်မှုရှိပါတယ်... ပထမစာအုပ်ထဲမှာတော့ အကြောင်းအရာတွေကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြီး ဒီစာအုပ်လေးကတော့ လိုအပ်တာတွေထပ်ပြီး မွမ်းမံထားမှုလို့ပြောလို့ရပါတယ်... ပြီးတော့ ဒီစာအုပ်လေးထဲမှာပါဝင်တဲ့အကြောင်းအရာတွေက ဘယ်လိုပြောရမလဲ...တော်တော်လေး အချက်အလက်ကျပါတယ်... အပိုအလျှံတွေနဲ့ လျော့တိလျော့ရဲ...ဖြစ်နေတာမဟုတ်ဘဲ တော်တော်လေးကိုသိပ်သိပ်သည်းသည်းရှိပါတယ်... အားလုံးကရှင်းလင်းပြီး ဖတ်တာနဲ့တစ်ခါတည်း ရင်ထဲတန်းရောက်တယ်ပေါ့နော်... တော်တော်လေးကို ဖတ်ရတာအဆင်ပြေပြီး မှတ်သားရလွယ်ကူတဲ့စာအုပ်လေးပါ... ပထမစာအုပ်ထက်လည်း အများကြီးကောင်းပါတယ်... ပထမစာအုပ်တောင် တော်တော်လေးကောင်းတာ ဖတ်ဖူးတဲ့သူတွေသိပါတယ်...ဒါဆို ဒီတစ်အုပ်ဆိုရင်တော့ ခန့်မှန်းမိလောက်မှာပါ...

စာအုပ်လေးမှာအဓိက ပြောထားတာကတော့ ယုံကြည်ဖို့ရယ်... ဖြစ်ပျက်လာတာတွေအားလုံးရဲ့ အဓိကသော့ချက်က ကိုယ်ပဲဆိုတာရယ်ပါ... အဓိကပေးချင်တဲ့သဘောတရားကတော့ အဲလိုပါ... လိပ်ပြာ..နောက်မှာ ထပ်မိတ်ဆက်ပေးမယ့် စာအုပ်နှစ်အုပ်နဲ့အတူတူပါပဲ.. အဲဒါတွေကတော့ ဘာသာပြန်တွေပါ... 😁😁

Book ReviewWhere stories live. Discover now