1K 81 4
By
ဆရာ ဖေမြင့်
ဒီစာအုပ်လေးကတော့ ခံစားမှုနဲ့ အတွေးရသစာစုလေးပါ။အမှာစာတော့ မပါပါဘူး။နိုင်ငံခြားစာအုပ်တွေထဲက ဝတ္ထုတိုကောင်းကောင်းလေးတွေကို ဆရာဖေမြင့်က စာတစ်အုပ်ထဲမှာပဲ ပြန်လည်စုစည်းပေးထားတာပါ။
ရင်ထဲကိုလည်း တကယ်ထိပြီးခံစားရစေတဲ့ ဝတ္ထုတိုလေးတွေပါ။အဓိကကတော့ စာနာမှုတရားကို သင်ပေးထားတာပါ။ဖတ်ရင်းနဲ့လည်း ကိုယ့်ကိုကိုယ်သတိထားမိလာပါတယ်။တချို့အကြောင်းအရာလေးတွေက ကိုယ့်အဖြစ်နဲ့လာတူနေတာမျိုးလေးတွေ ရှိပါတယ်။ဇာတ်လမ်းမတူရင်တောင် ခံစားမှုက သွားတူနေတာမျိုးလေးပေါ့။
စာအုပ်ထဲကပါတဲ့ အကြောင်းအရာလေး တချို့ကို မိတ်ဆက်ပေးပါရစေ။
"စဉ်းစားကြည့်ပါ။လာမည့်တစ်နှစ်တာ ကုန်ဆုံးသွားပြီးနောက်တွင် ကျွန်တော်တို့ဘဝမှာ ဘာသိပ်အရေးကြီးတာတွေ ဖြစ်လာစရာရှိသလဲ။နောက်ဆယ်နှစ်မှာကော ဘာတွေအထူးရှိမလဲ။တကယ်တန်ဖိုး ရှိသောအရာက ယခုသည်အခိုက်အတန်လေးပဲ ဖြစ်သည်။ဒါသည်သာ အနှစ်သာရအစစ်အမှန်။"
လွမ်းစရာ တဒင်္ဂလေးတွေ
"သို့နှင့် အိမ်သို့ပင် ကျွန်မပြန်ခဲ့သည်။ကျွန်မဘယ်သောအခါမှ တွေ့ကြုံဆုံစည်းနိုင်စရာမရှိသော အခြေမဲ့အနေမဲ့တစ်ယောက်ပေးခဲ့ဖူးသော လက်ဆောင်မွန်ကို အမွေအနှစ်တစ်ခုသဖွယ် ဆင့်ပွားခံစားမှုတို့ဖြင့် ကိုယ့်အိမ်ကိုယ့်ယာဆီ ကျွန်မအရောက်ပြန်ခဲ့သည်။"
အိမ်အပြန်
"အလုပ်လုပ်တဲ့နေရာမှာ
ခမ်းနားကြီးကျယ်ပါစေ၊
တိကျသေချာပါစေ၊
ကိုယ့်ပုံစံ ကိုယ့်ဟန်ပန် ပါပါစေ။
(ဖရက်(ဒ)အက်စတဲ)"
အစကပြန်စကြရအောင်
"လူတစ်ယောက်ထဲမှ အစစအရာရာ သိမ်းပိုက်သွားနိုင်သော်လည်း တစ်ခုကိုမူ ယူ၍မရ။ယင်းကား၊ သူ့လွတ်လပ်ခွင့်တို့အနက် အရင်းခံအကျဆုံးဖြစ်သည့် မိမိလမ်းကို မိမိရွေးချယ်ပိုင့်ခွင့် ဖြစ်ပေသည်။
(ဗစ်တာ ဖရန်ကဲလ်)"
Book ReviewWhere stories live. Discover now