သူ.....ဘယ္သူလဲ?(သူ.....ဘယ်သူလဲ?)

731 58 16
                                    

သူ....ဘယ္သူလဲ?

By

ဆရာ သိုးေဆာင္း

ဒါေလးကေတာ့ ဝတၳဳအမ်ိဳးအစားေလးပါ။ ဒါေပမယ့္ အေတြးအေခၚပိုင္းေလးေတြကိုလည္း ေပါင္းစပ္ထားလို႔ အရမ္းကို စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဝတၳဳေလးပါ။

စတင္လာတဲ့ပံုေလးကိုကစိတ္ဝင္စားဖို႔ သိပ္ေကာင္းပါတယ္။လူႏွစ္ေယာက္ဖုန္းဆက္တဲ့ အခန္းေလးက အစျပဳထားတာပါ။ဒါေပမယ့္ အဲဒါက အေၾကာင္းအရာသပ္သပ္ပါ။အင္း... သပ္သပ္ဆိုေပမယ့္ ပင္မအေၾကာင္အရာႀကီးရဲ႕ သဲလြန္စတစ္ခုအျဖစ္လည္း ပါဝင္ေနျပန္တယ္။

အဲထဲကဆိုင္ေလးရဲ႕နာမည္က Thinking တဲ့။ ရိုးရိုးCoffeeဆိုင္ေလးေပမယ့္ အေတြးအေခၚေတြေပါင္းစပ္ထားတဲ့ဆိုင္ေလးပါ။ အဲဒီဆိုင္ကို ေပါင္းဖြင့္ထားတဲ့ ခပ္ေခ်ာေခ်ာ အစ္ကိုႀကီးႏွစ္ေယာက္ရဲ႕နာမည္က မိုး နဲ႔ ေဆာင္း တဲ့။ လိပ္ျပာက ေဆာင္းကိုေႂကြတာ😍😍 ေနာက္ဆံုးေတာ့ရည္းစားရသြားေလရဲ႕...😢😢(ခ်ိန္ပါ😂😂😂)

ဒါေပမယ့္ မိုးနဲ႔ေဆာင္းကိုလည္း shipေနတာ... ထားပါေတာ့...
သူတို႔ဆိုင္ေလးမွာ စားသံုးသူေတြအတြက္ မဲပံုးေလးေတြထားထားေပးတယ္တဲ့။ စားသံုးသူေတြရဲ႕ ေဝဖန္ခ်က္ေတြအျပင္ အေတြးအေခၚေတြကိုပါ လြတ္လြတ္လပ္လပ္ေရးသြားလို႔ရပါတယ္တဲ့။ လကုန္တဲ့ရက္တိုင္းမွာ အဲဒီအေတြးအေခၚေတြကို မဲေဖာက္ေပးၿပီး သူတို႔ဆိုင္က Thinkingboard မွာ တစ္လတာ ထားေပးပါတယ္တဲ့။ထူးဆန္းတဲ့ ကိစၥေလးက အဲဒီကစတာပါပဲ။

အဲဒီတစ္လမွာမဲေပါက္တဲ့သူရဲ႕ အေတြးအေခၚကို သူတို႔နားမလည္ခဲ့ပါဘူး။အေတြးအေခၚပိုင္ရွင္ကလည္း အက္စီးဒင့္ျဖစ္ၿပီး ဆံုးသြားခဲ့ပါတယ္။Thinkingboardေပၚက စာသားကိုစားသံုးသူေတြကလည္း နားမလည္၊ သူတို႔လည္း ရွင္းမျပႏိုင္ခဲ့ၾကပါဘူး။အဲဒီလိုနဲ႔သူတို႔အတြက္ ဝန္ထုပ္ဝန္ပိုးလို ျဖစ္ခဲ့ရပါတယ္။စာပိုင္ရွင္ရဲ႕အေမက သူတို႔ကိုေတာင္ ရက္လည္ေတြဘာေတြဖိတ္ၿပီးေတာ့ ေနာက္တစ္ရက္မွာပဲ... အဲဒီThinkingboardေပၚက စာေၾကာင္းကို မဲပံုးထဲမွာေတြ႕လိုက္ရတဲ့အခါမွာေတာ့......

ဘာေတြဆက္ျဖစ္လာမလဲဆိုတာကေတာ့ ကိုယ့္ဘာသာဆက္ဖတ္ၾကေပါ့ေနာ္...ဒီေလာက္ပါပဲလို႔...Heehee..😁😁😁

ဒီစာအုပ္ေလးကိုဖတ္ရႈၿပီးေတာ့ သုတေတြေကာ ရသေတြက ရၾကပါေစရွင့္....🙏🙏🙏

White_Butter-fly
လိပ္ျပာ

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

Unicode

သူ....ဘယ်သူလဲ?

By

ဆရာ သိုးဆောင်း

ဒါလေးကတော့ ဝတ္ထုအမျိုးအစားလေးပါ။ ဒါပေမယ့် အတွေးအခေါ်ပိုင်းလေးတွေကိုလည်း ပေါင်းစပ်ထားလို့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုလေးပါ။

စတင်လာတဲ့ပုံလေးကိုကစိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်။လူနှစ်ယောက်ဖုန်းဆက်တဲ့ အခန်းလေးက အစပြုထားတာပါ။ဒါပေမယ့် အဲဒါက အကြောင်းအရာသပ်သပ်ပါ။အင်း... သပ်သပ်ဆိုပေမယ့် ပင်မအကြောင်အရာကြီးရဲ့ သဲလွန်စတစ်ခုအဖြစ်လည်း ပါဝင်နေပြန်တယ်။

အဲထဲကဆိုင်လေးရဲ့နာမည်က Thinking တဲ့။ ရိုးရိုးCoffeeဆိုင်လေးပေမယ့် အတွေးအခေါ်တွေပေါင်းစပ်ထားတဲ့ဆိုင်လေးပါ။ အဲဒီဆိုင်ကို ပေါင်းဖွင့်ထားတဲ့ ခပ်ချောချော အစ်ကိုကြီးနှစ်ယောက်ရဲ့နာမည်က မိုး နဲ့ ဆောင်း တဲ့။ လိပ်ပြာက ဆောင်းကိုကြွေတာ😍😍 နောက်ဆုံးတော့ရည်းစားရသွားလေရဲ့...😢😢(ချိန်ပါ😂😂😂)

ဒါပေမယ့် မိုးနဲ့ဆောင်းကိုလည်း shipနေတာ... ထားပါတော့...
သူတို့ဆိုင်လေးမှာ စားသုံးသူတွေအတွက် မဲပုံးလေးတွေထားထားပေးတယ်တဲ့။ စားသုံးသူတွေရဲ့ ဝေဖန်ချက်တွေအပြင် အတွေးအခေါ်တွေကိုပါ လွတ်လွတ်လပ်လပ်ရေးသွားလို့ရပါတယ်တဲ့။ လကုန်တဲ့ရက်တိုင်းမှာ အဲဒီအတွေးအခေါ်တွေကို မဲဖောက်ပေးပြီး သူတို့ဆိုင်က Thinkingboard မှာ တစ်လတာ ထားပေးပါတယ်တဲ့။ထူးဆန်းတဲ့ ကိစ္စလေးက အဲဒီကစတာပါပဲ။

အဲဒီတစ်လမှာမဲပေါက်တဲ့သူရဲ့ အတွေးအခေါ်ကို သူတို့နားမလည်ခဲ့ပါဘူး။အတွေးအခေါ်ပိုင်ရှင်ကလည်း အက်စီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့ပါတယ်။Thinkingboardပေါ်က စာသားကိုစားသုံးသူတွေကလည်း နားမလည်၊ သူတို့လည်း ရှင်းမပြနိုင်ခဲ့ကြပါဘူး။အဲဒီလိုနဲ့သူတို့အတွက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်ခဲ့ရပါတယ်။စာပိုင်ရှင်ရဲ့အမေက သူတို့ကိုတောင် ရက်လည်တွေဘာတွေဖိတ်ပြီးတော့ နောက်တစ်ရက်မှာပဲ... အဲဒီThinkingboardပေါ်က စာကြောင်းကို မဲပုံးထဲမှာတွေ့လိုက်ရတဲ့အခါမှာတော့......

ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ကိုယ့်ဘာသာဆက်ဖတ်ကြပေါ့နော်...ဒီလောက်ပါပဲလို့...Heehee..😁😁😁

ဒီစာအုပ်လေးကိုဖတ်ရှုပြီးတော့ သုတတွေကော ရသတွေက ရကြပါစေရှင့်....🙏🙏🙏

White_Butter-fly
လိပ်ပြာ

Book ReviewWhere stories live. Discover now