အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း

649 49 5
                                    

အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း

By

ဆရာ ဖေမြင့်

ဒီစာအုပ်လေးကတော့ O.S Mardenရဲ့ Making Life A Masterpiece ဆိုတဲ့ စာအုပ်လေးကို ဆရာဖေမြင့်က ဘာသာပြန်ပေးထားတာပါ။O.S Mardenရဲ့အကြောင်းလေးကို နည်းနည်းသိထားဖို့လိုတာပေါ့နော်...

O.S.Mardenရဲ့နာမည် အပြည့်အစုံက Orison Swett Mardenပါ။1848ခုနှစ် Juneလ11ရက်နေ့Thornton Goreမှာ မွေးဖွားပါတယ်။သူ့မိခင်ကတော့ သူ့အသက်၃နှစ်မှာဆုံးပါးသွားပြီးဖခင်ကတော့ ၇နှစ်မှာဆုံးပါးခဲ့ပါတယ်။အဲဒါကြောင့် သူကမိသားစုငါးခုမှာ မွေးစားခံခဲ့ရပါတယ်။နောက်တော့ စကော့တလန်စာရေးဆရာ Samuel Smilesရဲ့ Self-Helpဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတော့ သူ့ဘဝကြီးပြောင်းလဲသွားခဲ့ပါတယ်။အဲဒီနောက် သူ့ငယ်ဘဝက အောင်မြင်မှုတွေနဲ့ပြည့်လာခဲ့ပါတယ်။ပြီးတော့ သူဆုံးဖြတ်ခဲ့ပါတယ်။တစ်နေ့မှာ Author Samuelက သူ့ကိုအားပေးခဲ့သလိုပဲ သူလည်း လူတွေကိုစိတ်အင်အားတွေပေးမယ်ပေါ့။
သူ့အသက်၃၀အရွယ်မှာပဲ သူဟာHotelပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူအသက်၄၀ထဲဝင်လာတော့ သူ့အလုပ်ကို စာရေးဆရာတစ်ယောက်အဖြစ် ပြောင်းလဲဖို့စတင်လာခဲ့ပါတယ်။ဒါကသူ့အတွက်တော့ အခက်အခဲတွေကြားက ကြီးမားတဲ့ဆုံးဖြတ်ချက်ပါပဲ။အဲဒီအချိန်မှာပဲ သူပိုင်တဲ့Hotelကြီးက မီးလောင်မှုဖြစ်ပွားခဲ့လို့ပါ။အဲဒါနဲ့ပတ်သတ်ပြီးတော့ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောပြခဲ့ပါတယ်။

"အဲဒီအချိန်မှာMr.Mardenက သူ့ပထမဦးဆုံးစာအုပ်ဖြစ်တဲ့ Pushing To The Frontကို ရေးသားနေချိန်ပါ။သူမီးထဲကနေ သီသီလေးလွတ်လာခဲ့တယ်ပေါ့။သူ့ရဲ့မူရင်းလက်ရေးစာမူတွေကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။စာမျက်နှာငါးထောင်ကျော်လောက်ရှိတဲ့ သူ့ဘဝဆယ့်ငါးနှစ်လောက်ရဲ့ အားလပ်ချိန်တွေအားလုံးကိုရင်နှီးပြီးရေးခဲ့ရတဲ့ လက်ရေးစာမူတွေကို မီးခိုးတွေကြားမှာ သူဆုံးရှုံးခဲ့ရပါတယ်။
သူမီးထဲကလွတ်လာတဲ့အချိန်မှာ သူ့မှာဘာမှတောင်မရှိပါဘူး။ညဝတ်အင်္ကျီနဲ့ပါပဲ။သူမီးထဲက လွတ်လာတော့ သူ့ကိုယ်သူအရင်ဆုံးလိုအပ်တဲ့အဝတ်တွေကို အရင်ဝတ်ဆင်လိုက်ပါတယ်။ပြီးတော့ ၂၅ဆင့်ပေးရတဲ့notebookလေးကို ချက်ချင်းဝယ်လိုက်ပါတယ်။သူအဲဒီစာအုပ်လေးကိုဝယ်ပြီးတာနဲ့ သူ့မူရင်းလက်ရေးစာမူတွေထဲက သတိရတဲ့အရာတွေကိုစတင်ပြီးရေးနေခဲ့ပါတယ်။အဲဒီအချိန်မှာသူ့Hotelက အပျက်အစီးတွေနဲ့ မီးခိုးငွေ့တွေတလူလူထွက်နေတုန်းပါပဲ။"

Book ReviewWhere stories live. Discover now