ကိုယ္ထူးကိုယ္ခၽြန္(ကိုယ်ထူးကိုယ်ချွန်)
725 51 6
ကိုယ်ထူးကိုယ်ချွန်
By
ဆရာ ပီမိုးနင်း
White_Butter-fly
လိပ်ပြာ
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
Unicode
ကိုယ်ထူးကိုယ်ချွန်
By
ဆရာ ပီမိုးနင်း
ဒီစာအုပ်လေးကတော့ တိုးတက်ချင်တဲ့သူတွေ ဖတ်သင့်တဲ့စာအုပ်လေးပါ။ဒီစာအုပ်လေးက အောင်မြင်ချင်ရင် ဘယ်လိုကြိုးစားရမလဲဆိုတာကို သိနိုင်ဖို့ ဆရာကြီးက လမ်းညွှန်ပေးထားတဲ့ စာအုပ်လေးပါ။
"ကိုယ့်ကိုယ်ကိုအားကိုးပါ။ကောင်းသောသတ္တိကို အသုံးချပါ။အလုပ်ကို မရွေးပါနဲ့။ချွေတာစုဆောင်းပါ။"
လို့ ဆရာကြီးက လမ်းညွှန်ထားပါတယ်။
ဒီစာအုပ်လေးမှတော့ အမှာစာအနေနဲ့ နိဒါန်းပါပါတယ်။ကံဆိုတာကြီးကို မျှော်လင့် နေပြီး အချိန်တွေကုန်နေတဲ့သူတွေကို သတိပေးထားပြီး အဲဒီစိတ်ကြောင့် ဘဝကြီး မတိုးတက်တာဖြစ်တယ်လို့ မီးမောင်းထိုးပြထားပါတယ်။ပြီးတော့ ထူးချွန်အောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုလည်း လမ်းပြထားပါတယ်။
ဆရာကြီးရေးထားတာ တော်တော်မြင့်ပါတယ်။နားလည်ဖို့လွယ်ပေမယ့် နှလုံးသားထဲစွဲသွားဖို့ လိုက်နာကျင့်သုံးဖို့ ခက်ပါတယ်။ဖြည်းဖြည်းချင်းစီလိုက်လုပ်သွားရင်တော့ အောင်မြင်တဲ့သူတစ်ယောက် သေချာပေါက် ဖြစ်နိုင်မှာပါလို့။
ဒါက စာအုပ်ထဲပါတဲ့ တချို့အကြောင်းအရာလေးတွေပါ။
"တစ်လလျှင် ငါးဆယ်ရသော ကျောင်းဆရာလေး တစ်ယောက် ငါးထောင်စားဖြစ်အောင် လုပ်ပါလား ဟု သွား၍ပြောလျှင် ခင်ဗျားရူးနေသလားဟု ဧကန်ပြန်၍ မေးပေလိမ့်မည်။"
"လူဟူသမျှမှာ တန်ခိုးသတ္တိရှိ၏။"
"တကယ်ယုံကြည်မှ တကယ်ဖြစ်မြောက်နိုင်၏။"
"ကြီးပွားခြင်း၏ အစသည် မိမိကိုယ်ကို သိခြင်းဖြစ်သည်။"
Readerတို့အားလုံးဒီစာအုပ်လေးကိုဖတ်ရှုပြီး လက်တွေ့မှာ အကျိုးရှိရှိအသုံးချနိုင်ကြပါစေ။
White_Butter-fly
လိပ်ပြာ
Book ReviewWhere stories live. Discover now