Extra1

3.3K 238 29
                                    


ရာသီစက်ဝန်းတွေ နှစ်ပတ်လောက်လည်ပြီးသွားချိန်မှာ
နယ်ကနေ ဆိုးလ်ကို ပြန်ပြောင်းရွေ့ခွင့်ရခဲ့သည်...

သူရယ်ကိုယ်ရယ် Night duty ရက်တွေဖယ်လိုက်ရင် တစ်လမှာ ညပေါင်းနှစ်ဆယ်လောက် Hyungကိုဖက်ထားရင်းအိပ်စက်ခွင့်ရခဲ့သည်...

မနက်လင်းလို့ မျက်လုံးတွေဖွင့်လိုက်တာနဲ့ Hyungမျက်နှာလေးကို မြင်တွေ့ခွင့်ရပြီး..
Hyung မနက်တိုင်းနီးပါးပြင်ဆင်ပေးတတ်တဲ့
မနက်စာနဲ့
အားတဲ့အခါတိုင်း ပြင်ဆင်ပေးတတ်တဲ့ နေ့လည်စာ
ညနေစာတွေကို ပီတိအပြည့်နဲ့ စားရင်း
အိမ်ထောင်ရေးသုခကို အပြည့်အဝခံ စားလိုက်ရတာ
လပိုင်းမျှသာကြာပြီးနောက်...

Entrance အောင်မြင်ခြင်းနဲ့အတူ...စာကြည့်မျက်မှန်ဒီဂရီ အနည်းငယ်တိုးလိုက်ရပြီး
ခင်ပွန်းသည်ထက် ကျောင်းစာအုပ်တွေကို ပိုခင်တွယ်သွားတဲ့ ကျွန်တော့်ရဲ့ Physician ပေါက်စ....

အခုလဲ စာအုပ်ပုံထဲခေါင်းစိုက်နေလိုက်တာ
ည 11နာရီ ကျော်လုပြီ...

Dutyမှာတည်းက ပင်ပန်းနေတာကြောင့် မျက်ခွံတွေလေးပြီး အိပ်ချင်နေပေမယ့်...
ဖက်လုံးက အနားမှာမရှိတော့ ဟာတာတာနဲ့
အိပ်လို့ မပျော်...တစ်ခုတည်း ထွန်းထားတဲ့ စာကြည့်မီးရောင်ကြောင့်လဲပါသည်...

စာကြည့်စားပွဲနားထိလျှောက်သွားရင်း
စာအုပ်တစ်အုပ်ကိုဆွဲယူပြီး လှန်လှောကြည့်မိသည်...
စာလုံးသေးသေးစိပ်စိပ် တွေအပြည့်အကျပ်ရေးထည့်ထားတဲ့ စာအုပ်လေးက
Hyungဆီက attentionတော်တော်များများကို ယူထားနိုင်သည်တဲ့...

..အချဉ်ပေါက်လာတဲ့အတွေးနဲ့ စာအုပ်ကို နေရာပြန်ရောက်အောင် မတ်တပ်ကနေပစ်ချလိုက်သည်...

.*သွားစမ်း မင်းတို့ ကြောင့် ငါပစ်ထားခံ ရတာ သိရဲ့လား......

"Sehun..."

ရှေ့နားဆီ ပြုတ်ကျသွားတဲ့ စာအုပ်ထူထူကြောင့်
Notesတွေရေးနေရာကမော့ကြည့်လာသည်...

ပြန်မထူးဖြစ်...ဒီနည်းနဲ့ပဲ ဖြစ်ဖြစ် နည်းနည်းလောက်
Attentionယူရမှာမို့....

"ဘာဖြစ်လို့လဲ... "

ခေါင်းခါပြရင်း အိပ်ရာထဲပြန်သွားလှဲတော့ နောက်ကနေပါလာသည်...တစ်ဖက်လှည့်ပြီးကျောခိုင်း
ပစ်လိုက်တော့ ရယ်သံခပ်တိုးတိုးလေးလွင့်လာပြီး...

❤❤ငြိတွယ်❤❤...(💓ငြိတွယ်💓)Où les histoires vivent. Découvrez maintenant