"မသွားလို့မရဘူးလား...ဟင်"အနီရဲရဲ မျက်ဝန်းတွေမှာ မျက်ရည်ကြည်တချို့ဝေ့လည်နေရင်းက ပြုံးပြလာသည်...
ဆုံးဖြတ် ချက်ကို မပြင်တော့ဘူးဆိုတာုခေါင်းတစ်ချက်ရမ်းခြင်းက သက်သေ...
"ဒါဆို ပြန်လာမယ်လို့ ကတိပေးပါ"
ငိုချင်နေပေမယ့် မျက်ရည်မကျနိုင်တော့... မျက်ရည်တွေ ငိုလွန်းလို့ခန်းသွားပြီထင်ပါရဲ့..
"တောင်းပန်ပါတယ် Hunလေးရယ်"
တောင်ပန်စကားကိုသာ တွင်တွင်ဆိုရင်း ထွေးဖက်လာသည်...
"ပြန်လာမှာမဟုတ်လား ..ဟင်
ခဏပဲ သွားမှာမဟုတ်လား"လက်တစ်ဖက်ကို မလွှတ်တမ်းဆွဲထားရင်း..
အသက်ရှုရပ်မတတ်မေးနေပေမယ့် ကိုယ်လိုချင်တဲ့အဖြေအစား... တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းသာ....အတင်းဆုပ်ထားတဲ့လက်တွေကိုဖြေချရင်း
Luggageကို ဆွဲကာလှည့်ထွက်သွားတဲ့ကျောပြင်
ဟာ မျက်ရည်ပူတွေကြားမှာ ဝေဝေဝါးဝါး..."မသွားနဲ့.... မသွားပါနဲ့"
အသံကုန်အော်ဟစ်နေပေမယ့် ပြန်လှည့်မလာခဲ့တဲ့ ခြေလှမ်းတွေဟာ ကိုယ်နဲ့ဝေးသည်ထက် ဝေး ရင်း....
***************
Laptop ထဲက power points လိုအပ်တာ တွေပြန်စစ် အိပ်ရာဝင်တော့ သန်းခေါင်ကျော်...
မျက်ခွံ တွေလေးလံပြီး မှေးခနဲပျော်လုလု ..."ဖေဖေ...."
အိပ်ရာတစ်ဖက်စွန်း ဆီက ခပ်တိုးတိုးရေရွတ်သံက
မောဟိုက်နေသယောင်..."Sehun.ah... Sehun..သတိထားအုံး"
မေးသမျှတစ်ခုမှမဖြေဘဲ...
ငိုရင်းနဲ့ အိပ်ပျော်သွားပြီး.. အိပ်မက်ယောင်တော့လဲ
မျက်ရည်တွေနဲ့... လက်မောင်းကနေလှုပ်နှိုးတော့
မျက်လုံးတွေဖြည်းဖြည်းချင်းပွင့်လာရင်း..."Hyung"
"အင်း "
"ကျွန်တော် အိပ်မက် ယောင်နေတာလား "
"အင်း..ပင်ပန်းသွားပြီ..ရေသောက်လိုက်အုံး"
ရေချိုင့်ထဲက ရေကို ဖန်ခွက်ထဲငှဲထည့်ပြီးပေးတော့...
![](https://img.wattpad.com/cover/141194880-288-k47512.jpg)
YOU ARE READING
❤❤ငြိတွယ်❤❤...(💓ငြိတွယ်💓)
Fanfictionချစ်ရသူဟာ...အတောင်ပံတွေဝှက်ထားတဲ့ကျွန်တော့်ရဲ့Angel