👼11👼

3K 304 28
                                    


သိမဝေးလှသော လမ်းထိပ်ကို Hyung မမြင်နိုင်လောက်တဲ့ အနေအထားနဲ့ လိုက်ခဲ့သည်...
ယောက်ျား လေးနဲ့ မိန်းကလေး ဆိုပေမယ့် မြွေမြွေချင်း
မို့ ခြေမြင်သည် ဟုပြောရမလား...
အနှီမိန်းမရဲ့ မျက်လုံးတွေထဲမှာ hyung အပေါ် မျှော်လင့်
ခြင်း အရိပ်အယောင်တွေ....
လမ်းထိပ်အထိတောင် ရောက်လာတဲ့ မီးစကိုဆက်မလောင်စေချင်...ဒီမီး ဟာ
ကိုယ်နှလုံးသားကို မီးလောင်တိုက်သွင်းတော့မှာမို့
ဖြစ်ချင်ရာဖြစ်မိုက်ရူးရဲပြီး ချစ်ရသူ ကိုရင်ခွင်ထဲ အပိုင်သိမ်းခဲ့သည်..

မရှုမလှ လှည့်ပြန်သွားတဲ့ တစ်ယောက်ကို
မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ စိမ်ပြေနပြေ
ကြည့်နေလိုက်သည်...

မှတ်ထား...

Hyung က Oh Sehun အပိုင်....

"မင်းဘာတွေလုပ်နေတာလဲ Sehun...Huh"

ခပ်ကြိတ်ကြိတ်အသံနဲ့ အတူ ရုန်းနေတာကြောင့်
အသာလေး ဖြေလျော့ပေးလိုက်မိတာ နှမြောတသ စွာ...

"Senior ဘယ်လိုထင်သွားမလဲ.. မင်းသိလား"

"ဘယ်လိုထင်သွားလဲ..Hyung လဲသိတယ် မဟုတ်လား.."

စိတ်ပျက်သလို ကျွတ်ခနဲ စုတ် တစ်ချက်သပ်သည်..
အလိုမကျဟန်မျက်နှာကတောင်
ကြည့်လို့ကောင်းနေဆဲ....

ကိုယ့်ကို အပြစ်တင်နေတာတောင် ဒီငမိုက်သားက လဲ
ငေးကြည့်နေမိတာ မြတ်မြတ်နိုးနိုး...

"မင်းရူးနေလား.. "

"ဟုတ်တယ် ရူးနေတာ.. hyung ကြောင့် ဒီကောင်
ရူးနေတာ... "

"ဘာ.."

"Hyung ကိုချစ်တယ်လို့ပြောခဲ့တာ senior junior အနေအထားနဲ့ မဟုတ်ဘူး... ညီအစ်ကိုဆိုတာထက်လဲ ပိုတယ်...အဲ့ဒီငြိတွယ်ခြင်းတွေ ဘယ်ကစခဲ့သလဲကျွန်တော်မသိဘူး...
ပထွေး နဲ့ပြဿနာ တက်လို့ မျက်နှာမှာ ဒဏ်ရာတွေပါလာတိုင်း ဂရုစိုက်ပေးခဲ့တာကြောင့်လား..
နာကျင်ခံစားရတိုင်း နှစ်သိမ့်ပေးမှုတွေက စခဲ့သလား..."

"....."

"သေချာတာတော့ ကျွန်တော် hyung မရှိလို့မဖြစ်ဘူး"

အံ့သြသလို မော့ကြည့်ရင်း Hyung ဘက်က တိတ်ဆိတ်သွားသည်..သို့သော် တဒင်္ဂ

❤❤ငြိတွယ်❤❤...(💓ငြိတွယ်💓)Where stories live. Discover now