"ဟင်... မင်းမပြန်သေးဘူးလား"ကျေကျေနပ်နပ်ပြုံးလိုက်မိသည်... လှည့်မကြည့်ပေမယ့်... Hyungဆိုတာကို သူတပ်အပ်သိသည် မဟုတ်လား..
Welcome ကိစ္စ တွေပြီးတာနဲ့ hyung စာကြည့်တိုက်ကိုရောက်လာလိမ့်မည် ဆိုသော
သူ့ခန့်မှန်းချက်မှန်သွားခဲ့သည်..."Hyung ပြောစရာရှိတယ်ဆိုလို့"
ကြားလို့ ကောင်းရုံ အကြောင်းပြချက်တစ်ခု ခေါင်းထဲကချက်ချင်းထွက်လာသည်...
အမှန်တက ယ် တော့ မျက်နှာလေးကို ခဏပဲဖြစ်ဖြစ်မြင်ချင်မိလို့
"ပြောစရာ ရှိပေမယ့် ဒီနေ့လို့တော့ ငါမပြောခဲ့ဘူးထင်တယ်"
"ရတယ်လေ အဲ့ဒါဆိုလဲ "
"ခဏလေး မင်းမျက်နှာ ဆေးမလိမ်းထားဘူးလား"
နှုတ်ခမ်းထောင့်ဆီ လျှာနဲ့တို့ကြည့်တော့ စပ်ဖျင်းဖျင်းရယ်...
"ရော့ ဒါလိမ်းလိုက် ငါက ခဏခဏ ထိခိုက်မိတတ်လို့
ဆောင်ထားတာ"အင်္ကျီ အိတ်ကပ်ထဲက နေထုတ်ပေးလာတဲ့
ဆေးဗူးဖြူဖြူလေး...ကမ်းပေးလာတဲ့ ဆေးဗူးကိုင်ထားဆဲလက်ကို ပြန်တွန်းပစ်လိုက်ရင်း"လိမ်းပေးလေ.. ကျွန်တော် မှမမြင်ရဘဲ"
သူတမင်လုပ်ကြံပြောလိုက်ပေမယ့် ဒေါသမပါတဲ့
မျက်ဝန်းကြည်ကြည်တွေ ဒဏ်ရာပေါ် ခဏ ငေးစိုက် သွားပြီး..."ထိုင်"
ခုံပေါ်ထိုင်ပေးလိုက်တော့...အနားကိုတိုးကပ်လာတဲ့
နာကျင်ခြင်းတွေကို ကုစားပေးမယ့် ကျွန်တော့်ရဲ့
Angel ...ဖြူနှစ်နေသည့်ပါးပြင်လေးတွေဟာ အနီးကပ်မြင်ရတော့
သွေးကြောလေးတွေပင် ရေးရေးပေါ်သည်...မျက်မှန်တပ်မထားတာကြောင့် ကြယ်ဆန်သည့်မျက်ဝန်းတွေက ပိုလို့ပင် အရောင်လက်နေခဲ့သည်...
ဆေးမကူဘဲ ပန်းသွေးပြေးသည့် နှုတ်ခမ်းပါးတွေထိ အကြည့်လွန်မိတော့ ပြုတ်ထွက် မတတ်ခုန်လာတဲ့
ဘယ်ဘက်ရင်အုံ ကြောင့်..လက်နဲ့အသာဖိထားလိုက်ရသည်..."မင်းကိုငါမပြောဘူး လို့နေခဲ့ပေမယ့် ခု
ပြောသင့်ပြောထိုက်တာကိုတော့ ငါပြောမယ်
နာခံတာမနာခံတာ မင်းအပိုင်းပေါ့ "
YOU ARE READING
❤❤ငြိတွယ်❤❤...(💓ငြိတွယ်💓)
Fanfictionချစ်ရသူဟာ...အတောင်ပံတွေဝှက်ထားတဲ့ကျွန်တော့်ရဲ့Angel